Tuesday, May 15, 2012

                

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိ

==================================================

      မြန်မာနှစ် ၁၂၉၈ ခု၊ တပေါင်းလပြည့် (ခရစ်နှစ် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်) အင်္ဂါနေ့၌ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့ဖြစ်သည်။

       ၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။

      ၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ မှစ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ၄ နှစ်ကြာ ပဋိပတ်အလုပ် အားထုတ်ခဲ့ပြီး ၁၉၇၅ မှစ၍ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ ဟောကြားခဲ့သည်။

        ၁၉၇၇ တွင် စစ်ကိုင်းတောင်၌ သီတဂူကျောင်းတိုက်၊ ၁၉၇၈ တွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်ပြီး ၁၉၇၉ ၌ ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်ခဲ့ပြီး အစည်းအဝေးပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီးဖြစ်သည်။

         ၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် ‘သီတဂူ ရေအလှူတော်စီမံကိန်း’ကို တည်ဆောက်ခဲ့သည်။ ရေအလှူတော်စီမံကိန်းသည် ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေစက်ရုံ ၃ ရုံ၊ ရေသန့်စက်ရုံ ၂၊ ရေကန် ၁၂ လုံးဖြင့် စစ်ကိုင်းတောင် ချောင်ပေါင်း ၉ဝဝ ကျော်ရှိ ရဟန်း သာမဏေ၊ သီလရှင် ၉ဝဝဝ ကျော်တို့အား ရေပိုက်လိုင်း ပေပေါင်း ၂ သိန်းခွဲကျော်ဖြင့် တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့် ပေးဝေလျက်ရှိသည်။

         ၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံက ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထုကို အခမဲ့ ဆေးကုသနိုင်ရန် လှူဒါန်းဒါနပြုလျက်ရှိသည်။ ပြည်ပမှ မျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍လည်း နှစ်စဉ် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ဆရာတော်သည် ရေအလှူတော်၊ အာယုဒါန အလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေးများအတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိသည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် နှင့် မြိုင်ကြီးငူ တို့၌လည်း ဆေးရုံများတည်ဆောက်လျက်ရှိသည်။

        ၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။


       ဆရာတော်အား အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ (၁၉၉၃)၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ (၁၉၉၅)၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၉၇)၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ကပ်လှူပူဇော်ခဲ့ပြီး ၂ဝဝ၃ တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ် (D. Litt.) ဘွဲ့၊ ၂ဝဝ၅ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က ပီအိပ်ခ်ျဒီ (Ph.D) ဘွဲ့ အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။

     ဆရာတော်သည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် နှင့် ၂ဝဝ၇ ခုနှစ်တွင် တင်နက်စီ ပြည်နယ်၌ သီတဂူဗုဒ္ဓဝိဟာရကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။

   ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။ မြို့နယ်/ ကျေးလက်ဆေးရုံများသို့ လိုအပ်သည့် အဖိုးတန်စက်ကိရိယာများ ဆေးဝါးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး စာသင်ကျောင်းများသို့လည်း ကွန်ပျူတာများ၊ သင်ထောက်ကူပြု လျှပ်စစ်ပစ္စည်းများ လှူဒါန်းလေ့ရှိသည်။

      ၂ဝဝ၈ ခု မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့်ဒေသများသို့ ဆရာတော်ကိုယ်တိုင် သွားရောက်ပြီး ဒေသခံများနဲ့အတူ အပင်ပန်းအဆင်းရဲခံကာ သောက်သုံးရေသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ ဘုရားကျောင်းကန် နေအိမ်များ ပြုပြင်ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။ မုန်တိုင်းသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျှင် တစ်ဦးချင်းအနေဖြင့် ငွေကြေးပမာဏအများဆုံးကို ပြည်သူလူထုထံမှ ထိထိရောက်ရောက်အလှူခံကာ ဒုက္ခသည်များအတွက်လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းခြင်းတို့ကို စနစ်တကျ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ 

        ဆရာတော် ဟောကြားခဲ့သော တရားတော်များအနက် ၁၉၈၈ တွင် ဟောကြားခဲ့သည့် ‘ရာဇောဝါဒ -မင်းကျင့်တရားဆယ်ပါး တရားတော်’၊ ၂ဝဝ၇ တွင် ဟောကြားခဲ့သော ‘ဧကရာဇ်မင်းကြီးရဲ့ ဘဝနိဂုံးတရားတော်’ နှင့် ‘လူမိုက်တို့ သွားရာလမ်း တရားတော်’တို့ ပြည်သူများအကြား အထူးပျံ့နှံ့ ကြိုက်နှစ်သက်ခဲ့သည်။

        ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရသည် သပိတ်အိုင်တောရတွင် သီတင်းသုံးခဲ့ဖူးသောကြောင့် ‘သပိတ်အိုင်ဆရာတော်’ ဟူ၍လည်းကောင်း၊ သဲကုန်းမြို့နယ် ဇာတိဖွားဖြစ်သောကြောင့် ‘သဲကုန်းဆရာတော်’ ဟူ၍လည်းကောင်း၊ သီတဂူကျောင်း သီတဂူရေအလှူ သီတဂူဆေးရုံ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဗုဒ္ဓဝိဟာရ(အမေရိကန်) တို့ကို တည်ထောင်တော်မူခဲ့သည်ဖြစ်ခြင်းကြောင့် ‘သီတဂူဆရာတော်’ ဟူ၍လည်းကောင်း လူသိများထင်ရှားသည်။
    ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း ၃ဝ ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။     ။

http://www.citizenofburma.org နှင့် http://lapyae456.multiply.com/journal/item/1  တို့ မှ ရှာဖွေကူးယူတင်ပြပါသည်ခင်ဗျာ။

မှတ်ချက်။

     ယခုအခါ ဆရာတော်ဘုရားကြီးသည် သက်တော် ၇၅ ၊ ၀ါတော် ၅၅ ဖြစ်ပါသည်။ ဆရာတော်ကြီးလို သူတော်ကောင်း ပုဂ္ဂိုလ်မျိုးဟာ အလွန်ကြည်ညို လေးစားချီးကျုးထိုက်ပါတယ်။ ဆရာတော်ကြီးဟာ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သလို နိုင်ငံ့အရေးမှာလည်း ခေါင်းဆောင်မှုကောင်းကောင်းနဲ့ ကိုယ်တိုင်မနေ မနားပါဝင်ဦးစီးဦးဆောင်လုပ်ခဲ့တာဆိုရင်ဖြင့် နာဂစ်အပြီး ကယ်ဆယ်ရေးလုပ်ငန်းများက သက်သေခံနေပါတယ်။ ဆရာတော်ကြီးသည် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိ၍ နိုင်ငံ့အရေးတွေမှာ ခွန်အားအပြည့်နဲ့ အင်တိုက်အားတိုက် လုပ်ဆောင်နေတာ အများမျက်မြင်ဖြစ်ပါတယ်။ ဘယ်တော့မှ နားမနေပဲ အမျိုး ဘာသာ သာသနာအတွက် ကဏ္ဍအသီးသီးမှ  တတ်စွမ်းနိုင်သလောက် အစွမ်းကုန် အများအကျိုးဆောင်ရွက်တော်မူနေပါတယ်။ ဆရာတော်ဘုရားကြီးဟာ တစ်သက်မှာ တစ်ခါ ပေါ်ထွန်းလာတဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်မျိုးပါ။

သီတဂူဆရာတော်ဘုရားကြီး၏ အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်ချက်များကို ထပ်မံသိရှိလေ့လာလိုပါက http://www.sitagu.info/ သို့ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

        ဆရာတော်ဘုရားကြီး၏ အများအကျိုးဆောင်ရွက်မှုသည် ကမ္ဘာကပင် ချီးကျုးရလောက်အောင် အလွန်ပြောင်မြောက်ပါတယ်။ ဆရာတော်ဘုရားကြီး၏ ပရဟိတ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုမျိုးသည် မည်သူတစ်ဦးတစ်ယောက်မျှ မလုပ်နိုင်သော ဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားထားလေးစားရသော ပုဂ္ဂိုလ်မြတ်များတွင် ဆရာတော်ဘုရားကြီးသည် တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတွင်မက ကမ္ဘာ့ သမိုင်းတွင်ပါ တွင်ကျန်၍ ဆရာတော်ဘုရားကြီး ဂုဏ်သတင်းသည် ကျော်ဇောပျံ့ နှံ့ နေမည်ဖြစ်ပါသည်။  ဆရာတော်ဘုရားကြီးလို သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ အမိမြန်မာနိုင်ငံတွင် များများပေါ်ထွက်လာပါစေလို့ လည်း ဆုတောင်းပေးပါတယ်။

       ဆရာတော်ဘုရားကြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နှင့် သက်တော်ရာကျော်ရှည်ပါစေ ၊ အမျိုး ဘာသာ သာသနာ အကျိုးကို ဆထက်ထပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ တပည့်တော် ဆုတောင်းမေတ္တာပို့ သရင်း  ဤ ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိလေးကို အများသူငါ သိရှိအောင်ပြန်လည်ကုသိုလ်ပြု ဖော်ပြခြင်းဖြင့် အဝေးမှနေ၍ ရှိခိုးပူဇော် ကန်တော့လိုက်ရပါတယ် အရှင်ဘုရား။

ထူးတင့်နိုင်  /၁၂-၅-၂၀၁၂  /နေ့ လည်၂း၀၀

သီတဂူဆရာတော် ဆရာတော်ဘုရားကြီးအား ပိုမိုကြည်ညိုနိုင်အောင်
                                                        ထပ်မံ၍ ကုသိုလ်ပြုလိုက်ပါသည်။

                                                    လေးစားစွာဖြင့်      ...      မောင်မြင့်
အားပြန်လည်ကူးယူတင်ပြပါသည်.....
                                           တင်တင်ထွေး

့ဖြစ်ရပ်မှန်ဇာတ်လမ်း

ဖြစ်ရပ်မှန် (၁)

ဒီအဖြစ်အပျက်လေးက အညာမြို့လေးတစ်မြို့မှာ တကယ်ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

တိတိကျကျပြောရရင် မုံရွာမြို့နယ်၊ အလုံမြို့လေးမှာဖြစ်ပါတယ်။ ဒီမြို့လေးဟာ ဘိုးတော်ဘုရား အိမ်နိမ့်စံဘ၀က ပဒုံဟူသောအမည်နဲ့ မြို့တည်ပြီးစိုးစံခဲ့တာကြောင့် သမိုင်းကြောင်းအရာလည်း ထင်ရှားခဲ့ပါတယ်။

အလုံမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနဖူးမှာတည်ရှိနေတာကြောင့်လည်း သာယာစိုပြေလှပါသည်။ မြို့သူမြို့သားတွေဟာ ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက် အသားအရေစိုပြေလှပါတယ်။ အဲဒါကြောင့် ချင်းတွင်းမြစ်ရေဟာ အလုံမြို့သူမြို့သားတွေရဲ့ နှလုံးသားများဖြစ်နေပါတော့တယ်။

မစုစုလတ်ဟာ ဦးလှမြတ်+ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမများနှင့်အတူ အလုံမြို့၊ ရွေတံ

ခါးရပ်မှာနေထိုင်ကြပါတယ်။ သူတို့မိသားစုဟာ မျိုးရိုးအစဉ်အဆက်ကတည်းက အေးအေး ဆေးဆေး

နေတတ်ကြသူများဖြစ်ကြပါတယ်။ ဖခင်ဦးလှမြတ်ကတော့ အရောင်းအ၀ယ်နဲ့သာ အချိန် ကုန်နေတတ်ပြီး မိခင်ဒေါ်စန်းရီမှာတော့ အထက ( ၁ ) အလုံမှ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ ဆရာမဖြစ်သည့်အလျောက် ခလေးငယ်များ ကျောင်းပညာရေးဖြင့်သာ အချိန်ကုန်ခဲ့ရပါတယ်။

"တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏" ဆိုတဲ့သူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် မိမိရဲ့ သားသမီးများကို " အမျိုးကိုဘယ်လိုချစ်ရမယ်၊ ဘာသာတရားကိုဘယ်လိုလေးစားတန်ဖိုးထားရမယ်" စတာတွေကို ဆုံးမသွန်သင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ အခုဆိုရင်သမီးဖြစ်သူ မစုစုလတ်တောင် အရွယ်ရောက်လို့ လှသွေးကြွလို့နေပါပြီ။ အသားကလည်းဖြူ ရုပ်ဆင်းအင်္ဂါကလည်းချောမွေ့၊ ခန္ဓာကိုယ်အချိုးအစားကလည်းပြေပြစ်တော့ မြင်သူတကာငေးမောရလောက်အောင် လှပလွန်းပါတယ်။ အလှပေါ်အယဉ်ဆင့်ဆိုသလို သူ့ရဲ့ရိုးသားမှုဂုဏ်ကလည်း ပိုပြီးတော့လှပတင့်တယ်မှုကို အရောင်တောက်စေပါတယ်။

အရွယ်လည်းရောက်လာတဲ့မစုစုလတ်ဟာ မိဘတွေရဲ့ဝင်ငွေကို တစ်ဘက်မှကူညီပြီးရှာဖွေပေးချင်တဲ့ အတွက် စက်ချုပ်ပညာကိုသင်ယူခဲ့ပါတယ်။ ဒီပညာနဲ့ပဲ မိဘ၀င်ငွေကို တစ်ဘက်တစ်လမ်းကရှာဖွေပြီး မိဘကျေးဇူးဆပ်ခဲ့ပါတယ်။

အလုပ်အကိုင်လေးကလည်းရှိ၊ ရုပ်ရည်ကလည်းချော၊ သဘောမနောကလည်းဖြူဆိုတော့ သူကို လှမ်းခြူဖို့ကြိုးစားနေကြတဲ့ ကိုကိုလူပျိုကာလသားတွေကလည်း ၀ိုင်းဝိုင်းလည်အောင်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရာဇင်ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်၊ ရာဇင်ဟာ စုစုလတ် အပ်ချုပ်ဆိုင်ကိုသွားတိုင်း လမ်းမှစောင့်ပြီး ပိုးပန်းလေ့ရှိခဲ့ပါတယ်။ ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ စုစုလတ် ကို အာဘောင်အာရင်းသန်သန်ဖြင့် ချိုမြရွှင်ပြတဲ့ ရည်းစားစကားများပြောပြီး စုစုလတ်ရဲ့အချစ်ကို ရယူ နိုင်ခဲ့ပါတယ်။

အချစ်မျက်ကန်းသည်မလေးစုစုလတ်ဟာ ရာဇင်ရဲ့အချစ်ကို လက်ခံရယူပြီးချိန်မှာတော့ ရာဇင်ဟာမစုစုလတ်အပေါ် အလိုလိုက်အကြိုက်ဆောင်ကာ အစွမ်းကုန်ယုယကြင်နာမှုများ ပေးစွမ်းခဲ့

ပါတယ်။ နောက်ပြီး မစုစုလတ်ကြိုက်တတ်တဲ့ အမှတ်တရပစ္စည်းလေးများကို ၀ယ်ပေးလေ့ရှိခဲ့ပြီး အပြုံးချိုချိုမျက်နှာထားလေးနဲ့ အကြွားပိုပြခဲ့ပါတယ်။ မိန်းခလေးတစ်ယောက်ကိုဘယ်လိုပြောရမယ် ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုမြူဆွယ်ရမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး မိန်းမကျမ်း

ကျေထားပုံလည်းရပါတယ်။

ရာဇင်နဲ့မစုစုလတ်ဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမဲ့ မတူညီတဲ့ခြားနားချက်တွေ ရှိခဲ့ကြပါတယ် အဲဒါကတော့ လူမျိုးလည်းမတူ၊ ဘာသာကလည်းခြားနားလို့နေပါတယ်။

မစုစုလတ်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ မြန်မာအမျီုးသမီး

လေးပဲဖြစ်ပါတယ်။ ရာဇင်ကတော့ မြန်မာလူမျိုးလည်းမဟုတ်သလို ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်

သူလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုမတူညီတဲ့ ခြားနားမှုလေးတွေကြောင့် မစုစုလတ်မိဘများကလည်း

ရာဇင်နဲ့သဘောမတူခဲ့သ လို မစုစုလတ်ကိုယ်တိုင်ကလည်း ရာဇင်နဲ့လက်ထပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် ရာဇင်က မစုစု လတ်ကို "လူမျိုးမတူ ဘာသာမတူတာနဲ့ ကိုယ်တို့နှစ်ယောက် ဝေးရမယ်ဆိုတာ လုံးဝမဖြစ်စေရဘူး။ ငါလည်းငါကြိုက်နှစ်သက်တဲ့ဘာသာကို ကိုးကွယ်မယ်။ မင်းကိုလည်း မင်းကြိုက်နှစ်သက်တဲ့ဘာသာကို လွပ်လွပ်လပ်လပ် ကိုးကွယ်ယုံကြည်ခွင့်ပေးမယ်"ဆိုပြီး အာမခံချက် ရဲရဲတင်းတင်းပေးလိုက်ပါတယ်။

ဖြစ်ရပ်မှန် အပိုင်း( ၂ )

အရိုးခံမစုစုလတ်ခမျာ စိတ်ထဲမှာ ရာဇင်ဟာအခြားအခြားသောလူမျိုးခြား၊ ဘာသာခြားတွေနဲ့မတူ လိမ္မာယဉ်ကျေးမှုရှိတယ်။ လူမှုရေးရှိတယ်၊ သူ့အပေါ်ကို နားလည်မှုပေးတယ်၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆိုပြီး တစ်ကိုယ်တော်ချီးမွမ်းခမ်းထုတ်ကာ ရာဇင်ကို မိုးကျရွေကိုယ် နတ်သားတစ်ပါးလို ထင်လာခဲ့ပါတယ်။

မစုစုလတ်မိဘတွေကလည်း ရာဇင်နဲ့အဆက်အသွယ်ဖြတ်ဖို့ အမျိုးမျိုးဖြောင်းဖျခဲ့ကြပါတယ်။ " သမီးရယ် အခုသမီးနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို လက်ထပ်ယူမယ်ဆိုရင်

မေမေတို့မိဘဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ ပျက်စီးကုန် လိမ့်မယ်၊ သမီးကြားဖူးမှာပါ၊ မြေမျိုလို့လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့ ပြောခဲ့တာမဟုပ်ဘူး၊ သမီးတို့လို အချစ်မျက်ကန်းတွေအတွက် အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊ သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို ရောက်ဖို့ တာစူ

နေပြီ၊ အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့ သမီးတို့လူငယ်တွေရဲ့ အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ မေမေနားလည်ပါတယ်။

မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာခြေပြတ်လက်ပြတ် တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆိုရင်တောင် မေမေ အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ

မဟုတ်ဘူး၊ လမ်းဘေးကသူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့ ကောင်လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့

ငါ့မြေးလေးတွေဟာ လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့ မေမေ့ကိုသနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့ လုံးဝလက်မထပ်နဲ့နော်"ဆိုပြီး မိခင်ဒေါ်စန်းရီ ခမျာ သမီးဖြစ်သူကို ငိုယိုပြီးတောင်းပန်ရှာပါတယ်။

ဒါပေမဲ့ မစုစုလတ်ကတော့ ခပ်မိုက်မိုက်ပဲ အချစ်သူရဲကောင်းကြီးလုပ်ပြီး ရာဇင်နဲ့နှစ်ဦးသဘောတူ လက်ထပ်ယူလိုက်ကြပါတယ်။ အဲဒီတုန်းက မစုစုလတ်ဟာ ကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူး ကာ ပျော်ရွင်လိုက်သည့်ဖြစ်ခြင်း၊ လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင် ထင်ခဲ့မိပါတယ်။

သူတို့လက်ထပ်ပြီးလို့နှစ်လလောက်ကြာလာတဲ့အခါမှာတော့ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးမျက်နှာ ဟာ တစ်နေ့တခြား ထင်ထင်ရှားရှားပေါ်လွင်လာပါတော့တယ်။ ရာဇင်ဟာ သူတို့ဘာသာရဲ့ထုံးစံအတိုင်း

မစုစုလတ်ကို သူတို့ဘာသာထဲဝင်ရမယ်လို့ အကျပ်ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်က တကယ်လို့

မစုစုလတ်အနေနဲ့ သူတို့ဘာသာထဲကိုမ၀င်ပဲ ဗုဒ္ဓဘာသာကို ဆက်လက်ကိုးကွယ်ယုံကြည်နေဦးမယ် ဆိုရင် သူတို့ဘာသာရဲ့ထုံးစံအရ တရားဝင်ဇနီးမယားဖြစ်မလာ နိုင်ကြောင်း၊ မွေးလာတဲ့သားသမီးတွေ

မှာလည်း တရားဝင်သားသမီးမဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့်မရရှိနိုင်ကြောင်း၊ မစုစုလတ်ကိုယ်တိုင်မှာလည်း၊ တရားဝင်ဇနီးမယား မဖြစ်သေးတဲ့

အတွက် လင်မယားချင်းကွဲကွာတဲ့အခါ ဘာပစ္စည်းမှမရနိုင်ကြောင်း၊ ဒါကြောင့်မို့ မစုစုလတ်ကိုယ်တိုင်

တရားဝင်ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး သူတို့ဘာသာနဲ့အညီ လက်ထပ်ရမညီဖြစ်ကြောင်း အကျပ်ကိုင်လာပါတယ်။

နောက်ပြီး ရာဇင်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အိမ်မှာတစ်ခြားဘာသာကို ကိုးကွယ် ယုံကြည်တဲ့ မစုစုလတ်ရှိနေလို့ လာဘ်မရှိတာ စီးပွားရေးကျတာဆိုပြီး မစုစုလတ်အပေါ်အပြစ်ပုံချကာ မကြည်ဖြူနိုင်တော့ဘဲ ငြိုငြင်လာကြပါတယ်။

အခုတော့ လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ်ယူခဲ့တဲ့ မစုစုလတ်ရဲ့ မိုးကောင်းကင်

ရွေအိမ်မက်ကြီးဟာ တစ်ဖြည်းဖြည်းအရောင်တွေလွင့်ပါးပြီး ပျက်ပြယ်ခဲ့ရပါပြီ။ ပျော်ရွင် ရယ်မောခြင်း

တွေဟာလည်း တဖြည်းဖြည်းအရည်ပျော်ကာ ငိုကြွေးခြင်းရဲ့ လမ်းစဖြစ်ခဲ့ရပါပြီ။ သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါးတမာတောလို ဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက အကြင်နာပုံရိပ်တွေဟာလည်း တံလျပ်ပမာ အဝေးဆီသို့သာ တရိပ်ရိပ် လွင့်မျောပျောက်ကွယ်သွား ရပြီတကား။

အခုတော့မစုစုလတ်ခမျာ ဆုံးဖြတ်ချက်တခုခုတော့ချရတော့မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့မိဘဘိုးဘွား

တွေရဲ့ မျိုးရိုးဇာတိကိုငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာ ရှေ့ရေးကိုငဲ့မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး ဆုတ်လည်းစူးဖြစ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။ မိမိရဲ့အမိုက် ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် က ရပါတော့မယ်။ ဒီအချိန်မှာ အိမ်ပြန်လို့လည်း ဘယ်မိဘ ညီအစ်ကိုမောင်နှမကမှ လက်ခံမည်မဟုတ်၊ မိဘညီအကိုမောင်နှမတွေက ဒီလူမျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့ အတန်တန်တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အချစ်သူရဲ ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့ ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။

အပိုင်း ( ၃ )ဇာတ်သိမ်း

အခုတော့ မစုစုလတ်ရဲ့ဘ၀ကတော့ "ပေါက်တဲ့နဖူးမထူးဘူး" ဆိုတဲ့စကားလို ဘယ်အရာမျိုးကိုမှ မထူး

တော့ဘဲ ကံကြမ္မာကိုသာယိုးမယ်ဖွဲ့ပြီး လူမျိုးခြားဘာသာဇာတ်ထဲကို ခြေစုံပစ်ဝင်လိုက်ရပါတော့တယ်။

လူမျိုးခြား၊ ဘာသာခြားဇာတ်ထဲဝင်ရတယ်ဆိုတာ ပါးစပ်ကအပြောနဲ့ဝင်ပါ့မယ်ဆိုပြီး လုပ်လို့မရဘူး။ သူတို့ယုံကြည်မှုရှိအောင် သူတို့ခိုင်းသမျှ အကုန်လုပ်ပြရတယ်။ မစုစုလတ်ငယ်ငယ်လေးထဲက ဦးထိပ်မှာ

ပန်ဆင်ပြီး ရှိခိုးဦးချခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ဟာ အခုတော့ မစုစုလတ်ရဲ့ခြေဖ၀ါးအောက် ရောက်ခဲ့ရပါပြီ။

မိဘဘိုးဘွားစဉ်ဆက်က အရှေ့အရပ်ကို ခေါင်းပြုအိပ်ခဲ့ရတဲ့မစုစုလတ်ဟာ အခုတော့ ခြေအစုံပစ်ကန်ပြီး အိပ်ခဲ့ရပါပြီ။ အိမ်ဦးခန်းမှာကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း သာမန်သစ်သားတုံးအမှတ်

ဖြစ်ခဲ့ရပါပြီ။ တန်ခိုးကြီးစေတီပုထိုးများဟာလည်း မစုစုလတ်ဘ၀အတွက်တော့ အုပ်ပုံအဖြစ်ရောက်ခဲ့ရပါ ပြီ။

သို့ပေမယ့် မစုစုလတ်အနေနဲ့ ဘာမှအားအငယ်ခဲ့ပါ။ ဘာကိုမှ လည်း တွေးပြီးမပူပန်ခဲ့ပါ။ မောင်သာ

မေ့ဘ၀၊ မောင်သာမေ့ရဲ့ကမ္ဘာဖြစ်လို့ နေခဲ့မိပါတယ်။ လောကမှာ အမြတ်နိုးဆုံးအရာတွေလို့ထင်မှတ် ထားခဲ့တဲ့ မိဘမျိုးရိုးစဉ်ဆက်နှင့် ဘာသာတရားတွေကို ချိန်ခွင်တစ်ဖက်မှာတင်ပြီးတော့ ရာဇင်ဆိုတဲ့

မောင့်ကို ချိန်ခွင်တစ်ဖက်မှာတင်ပြီး ချိန်တွယ်ခွင့်ရမယ်ဆိုရင်တောင်၊ မောင့်ဖက်မှာပဲ အလေးပေးခဲ့တဲ့ အချစ်မျက်ကန်းသည်မလေး မစုစုလတ်မဟုတ်ပါလား။

၂၀၀၀ ပြည့်နှစ် မတ်လသို့ရောက်ခဲ့ပါပြီ။ ဒီအချိန်မှာ မစုစုလတ်တစ်ယောက် ကျမ္မာရေးမကြာခဏ

ဖောက်ပြန်လို့နေပါတယ်။ ညတိုင်းအိပ်တဲ့အခါတွေမှာလည်း အိမ်မက်ဆိုးများမြင်မက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်တဲ့အခါထွက်ပေါက်အဖြစ် လင်ယောက်ျားမသိအောင် ဗေဒင်ဆရာကို အားကိုး

တကြီးနဲ့ သွားမေးပါတယ်။ ဗေဒင်ဆရာက ဘုရားမှာအုန်းညွန့်၊ ဒါန်းညွန့်များလှူပြီး ကုသိုလ်ကောင်းမှု

များလုပ်ဖို့ ယတြာပေးလိုက်ပါတယ်။ မစုစုလတ်အနေနဲ့ ရောဂါဝေဒနာ သက်သာ ပျောက်ကင်းစေဖို့

ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာကိုချေချင်ပါတယ်၊ ဒါပေမယ့် ဘာသာခြားဇာတ်ထဲဝင်ထားတဲ့ သူတစ်ယောက်အနေနဲ့ ဘုရားကျောင်းကန်မှာသွားပြီး အုန်းညွန့်၊ ဒါန်းညွန့်လှူဖို့ အခက်တွေ့ရ ပါတော့တယ်။

ဒါပေမယ့် ဥပါဒါန်ကြောင့်ဥပါဒ်ရောက် မဖြစ်ရအောင် ( ၆. ၃. ၂၀၀၀ )နေ့မှာ ဘုရားကျောင်းကန်ကို သွားမနေတော့ဘဲ မိမိအိမ်မှာတင် လစ်ပိုပုလင်းထဲကို အုန်းညွန့်၊ ဒါန်းညွန့်များထိုးကာ အပ်ချုပ်စက် ခုံပေါ်မှာပဲ တင်လှူလိုက်ပါတယ်။ ဒီစက်ချုပ်ခုံပေါ်မှာ ပန်းတင်လှူတာကိုမြင်သွားတဲ့ ယောက်မဖြစ်သူ နိုရဘီက စုစုလတ်ဘုရားမှာပန်းတင်လှူကြောင်း အကိုဖြစ်သူရာဇင်နှင့် သူ့အိမ်သားတွေကို တိုင်ကြားပါတယ်။ ရာဇင်နဲ့ယောက္ခမဖြစ်သူများဟာ စုစုလတ်သူတို့အိမ်မှာပန်းတင်လှူကြောင်းလည်း သိရော ယမ်းပုံမီးကျ ဒေါသပေါက်ကွဲကာ မစုစုလတ်ကိုခေါ်ပြီး ပါးတွေနားတွေရိုက်ပစ်လိုက်ကြပါတယ်။

ပြီးတော့ ရာဇင်က "နင့်ဘုရားရှိခိုးမယ့်အစား င့ါဟာကြီးရှိခိုး” ဆိုပြီး ပုဆိုးလှန်ပြကာ ရှိခိုးခိုင်းပါတယ်။

မစုစုလတ်ကိုရိုက်နှက်တဲ့နေရာမှာ ရာဇင်တင်မကပဲ ရာဇင့်အမေနင့် မောင်နှမလေးယောက်တို့က

ဝိုင်းပြီးရိုက်နှက်ကြပါတယ်။ လူလေးယောက်က၀ိုင်းပြီးရိုက်နှက်ကြတဲ့အတွက် မစုစုလတ်ခမျာ အလွန် နာကျင်လွန်းလှတာမို့ အော်ဟစ်ငိုကြွေးပြီး ပတ်ဝန်းကျင်ကိုအကူအညီလှမ်းတောင်းမိပါတယ်။ မစုစု

လတ်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရမလားဆိုပြီး ရာဇင်တို့မိသားစုရဲ့ ဒေါသဟာ အထွက်အထိပ်သို့ရောက်ရှိသွားပါတယ်။ အဲဒါကြောင့် အိမ်ရှိတံခါးအားလုံးကိုပိတ်ပြီး စုစုလတ်ပါးစပ်ထဲ

သို့ အ၀တ်စုတ်များကိုထည့်ကာ မသေမချင်း သတ်ဖြတ်ပစ်လိုက်ကြပါတယ်။

မစုစုလတ်ခမျာမှာလည်း မိန်ကလေးဖြစ်နေတာကတစ်ကြောင်း လေးယောက်အားကို မယှဉ်နိုင်တာက တစ်ကြောင်းဆိုတော့ သရဲသဘက်စီးနေတဲ့ သူတို့စက်ကွင်းထဲက ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ အိမ်ထဲမှာ

တင်ပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ရာဇင်တို့မိသားစုဟာ အလွန်လည်ကြပါတယ်၊ ယုတ်မာတဲ့နေရာ မှာလည်း နှစ်ယောက်မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ စုစုလတ်အလောင်းကို မတော်တဆသေဆုံးမှု

သေခင်းပုံစံမျိုးနဲ့ သဲလွန်စဖျောက်ဖို့ ကြိုးစားကြပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ သူတို့အမျိုးတူ၊ ဘာသာတူ

တွေအားလုံးကလည်း ငွေအားလူအားနဲ့ ၀ိုင်းဝန်းပြီး လက်စလက်နဖျောက်ပေးကြပါတယ်။

စုစုလတ်အလောင်းကို မြေမမြုတ်ပဲမီးသဂြိုဟ်ဖို့ စီမံကြပါတယ်။ မိခင်ဖြစ်သူဒေါ်စန်းရီမှာ သူသမီးဟာ

သွေးရိုးသားရိုးနဲ့ သေတာမဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အမှုဖွင့်အရေးယူမယ် ဆိုရင်လည်း လူမျိုးခြား၊ ဘာသာခြားတွေက ငွေအားလူအားနဲ့ ဖုံးဖိထားတဲ့အတွက် အမှုမှန်ပေါ်ပေါက် ဖို့မလွယ်ဘူးဆိုတာ ကြိုသိထားပါတယ်။ ဒါကြောင့်မို့ ဒေါ်စန်းရီက သမီးဖြစ်သူရဲ့အလောင်းကို မြေမြုတ်

ခြင်း၊ မီးသဂြိုဟ်ခြင်းမပြုပဲ ပုံမပျက်အုတ်ဂူသွင်းပေးဖို့ တောင်းဆိုပါတယ်။ နောက်ဆုံးတော့ ဒေါ်စန်းရီရဲ့ ဆန္ဒအတိုင်း အုတ်ဂူသွင်းပြီးသင်္ဂြိုဟ်လိုက်ပါတယ်။

ဒီအကြောင်းတွေကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် "မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့ သံဃာတော်များနားထဲ သို့ရောက်ရှိသွားခဲ့ကြပါတယ်" သံဃာတော်များကလည်း ညတွင်းချင်းစုရုံးပြီး စုစုလတ်ရဲ့အုပ်ဂူကို

ဖောက်ထွင်းပြီး စစ်ဆေးကြည့်ကြပါတယ်။

ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့စကားအတိုင်း ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ထားတဲ့ အလောင်းရဲ့အမှုမှန်ကား ယခုအခါဘွားခနဲပေါ်လာပါတော့တယ်။

ဒီသတင်းစကားဟာ တစ်ခဏအတွင်းမှာပဲ တစ်မြို့လုံးပြန့်နှံ့သွားပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြပါ တယ်။ မြို့နေလူထုတွေအားလုံးဟာ မခံမရပ်နိုင်ဖြစ်ကာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ မျိုးချစ်စိတ်ဓာတ်

ပြသဖို့ လမ်းမပေါ်ဆီသို့ အသီးသီးထွက်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ အမှိုက်ကစ ပြသာဒ်မီးလောင်



မဖြစ်ရအောင် အမြော်အမြင်ရှိတဲ့အာဏာပိုင်အဖွဲ့အစည်းများမှ အကြီးအကဲပုဂ္ဂိုလ် များရောက်ရှိလာကြ ပြီး တရားခံများကို ဥပဒေအရထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း ပြောကြားတော့မှ ပြဿနာ ငြိမ်းအေးသွားပါတော့တယ်။ အာဏာပိုင်အဖွဲ့အစည်းမှ အကြီးအကဲပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ကတိ စကားအတိုင်း တရားခံရာဇင်နှင့်တကွ အပေါင်းအပါလေးဦးတို့ကို ညတွင်းချင်းဖမ်းဆီးပြီး အားနွဲ့တဲ့ မိန်းခလေးကို လေးယောက်ဝိုင်းပြီး မတရားညှင်းဆဲသတ်ဖြတ်မှုနဲ့ အသီးသီး ထောင်ဒဏ်တစ်သက် တစ်ကျွန်းစီ ချမှတ်လိုက်ပါတယ်။

တစ်ချိန်က သာယာလှပတဲ့အလုံမြို့လေးဟာ ယခုတော့သွေးစွန်းပြီးအကျည်းတန်လေခဲ့ပြီ။ ကြည်လင်အေးမြတဲ့ချင်းတွင်းရေဟာလည်း သွေးနှောပြီးတော့ နောက်ကျိခဲ့လေပြီတကား….။

Monday, April 16, 2012

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း။မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇ၀င် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူတစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသားထားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှု ဓါတ်ပုံများဖြင့် တွဲဘက်ကာ ဖေါ်ပြအပ်ပါသည်။

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း။

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။

ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊

ဩော် .... ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ၇က်) ....

ငါ ဘာလုပ်ရင် ကောင်းမလဲ၊

ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊

ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) နှစ်တောင် ရှိရော့ပေါ့။

ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး၊

ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး၊

ငါ့မွေးနေ့မှာ ငါ့ရဲ့  အရင်းနှီးဆုံး သွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ။

ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ၊

ငါ့စိတ်ဓာတ်ကို မာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း

အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ၊

အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်၊ ဘယ်တော့များမှ အခွင့်သာမှာလည်းဟင် ...

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ၊

လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထား အမှတ်ရနေပြီး အထူးတလည် ကျင်းပတတ်ကြတာပဲ၊

ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့။

အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့ အတူတူ၊ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ၊

အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအေးတို့နဲ့ အတူတူ၊

ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ၊

အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ။

အို ...

ငါသိပ်လွမ်းတယ် သိလား ...

ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ ...

ငါ့ရဲ့ ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ၊

ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။

အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့၊ မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့၊ မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့၊ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့



အိမ်မှာ လူတွေများလာလို့။

အို … ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး၊ ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့ရဲ့  အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေ ၀ဲနေလို့ပါလား။

ငါဘာမှနားမလည်ခဲ့ဘူး၊ အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်၊

ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ ငါချစ်တဲ့ ငါ့ဖေဖေ

အဲဒီ့နေ့က ပြန်မလာခဲ့ဘူး၊ မျှော်ခဲ့လိုက်ရတာ ဖေဖေရယ် ..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်၊

ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်၊

လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်၊

အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်၊

ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်

ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး။ ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်။

ဖေဖေရယ် .. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင် ..

ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ၊

သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင် ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့  ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို လွှမ်းမိုးနေခဲ့တယ်။ ဖေဖေ တကယ် ပြန်မလာခဲ့တော့ဘူးနော် ..

၁၉၆၀ ခုနှစ်။

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်၊

အိမ်ကလူတွေကို ပစ္စည်းတွေ လိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်၊

ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့၊

မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်၊

ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့၊

မေမေတို့ပြောင်းရတော့မယ် သမီးလေး ..

ဘယ်ကိုလဲဟင်..

နယူးဒေလီကို

ဘယ်မှာလဲဟင်

နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့ ၊

မေမေက ဘာသွားလုပ်မှာလဲဟင်

ဩော် … မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်၊ မေမေအဲဒီ့မှာ သွားနေရမှာ၊ သမီးတို့လည်း

လိုက်ခဲ့ရမှာလေ။

သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ၊

သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့ … ခုဆို မေမေက အဲဒီ့နိုင်ငံကြီးနဲ့ ခု သမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ သွားပြောပေးရမှာလေ။

ဘာစကားတွေ ပြောရမှာလဲဟင် မေမေ၊

သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်၊ ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်လိုက်ဦးနော်၊ မနက်ဖြန်ညကျရင် မေမေ့ သားသမီးလေးတွေနဲ့ သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်၊ သမီးလေးကြိုက်တဲ့ မုန့်တွေ ၀ယ်ထားပေးမယ်။

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို ပြေးဝင်ခဲ့တယ်။

မေမေက သိပ်တော်တာပဲနော်၊ ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်၊ မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်။

မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို စံနမူနာထားလို့ သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ။
၁၉၆၄ ခုနှစ်။

ငါ ပျော်လိုက်တာ၊ အောက်စဖို့ဒ်တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်၊ ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်။ မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်။ I’m proud of you, honey! လို့ ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့ မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ။

မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး။ ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်။

အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်လို့ သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ။

အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ။ လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်။ Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး စကားတစ်ခွန်းပြောတယ်။ I believe in you! တဲ့။ ငါကြက်သီးတွေတောင်ထသွားခဲ့တယ်။ မေမေ၀မ်းနည်းနေတာ ငါသိတယ်။ ဒါပေမယ့် မေမေ မငိုခဲ့ဘူး။
လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်။ ငါဝမ်းနည်းလို့တော့ မဟုတ်ခဲဘူး။ ငါ့ကို ယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်၊ ၀င်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်၊ ဖတဆိုး သမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့ ငါ့ဘ၀ရဲ့  အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက် ငါ ဂုဏ်ယူနေလို့ပါ၊ ငါ ပျော်နေလို့ပါ၊ ငါ ပီတိဖြစ်နေလို့ပါ။

တက္ကသိုလ်မှာ ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ ငါ့ရဲ့  Host Parents awGu Lord Gore-Booth တို့မိသားစုပဲ။ သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်။ သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ်အဲရစ်စ်ကို စတွေ့ပြီး ရင်းနှီးခဲ့ရတယ်။ သူက တိဗက်လူမျိုးတွေအကြောင်း လေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ။ တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါပဲ။

၁၉၆၉ ခုနှစ်။
နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်။ ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့။ မသန်းအေးတို့အိမ်မှာ ငါနေခဲ့တယ်။ သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ။ အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်။ ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ။

မသန်းအေးက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်။ ငါအလုပ်ရခဲ့တယ်။

Administrative and Budgetary Questions rSm Assistant Secretary အဖြစ်နဲ့ပေါ့။

ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်။ မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ။ ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်။ ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့။ ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင် အချိန်ပေးခဲ့တယ်။ ငါ့ရဲ့ တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်။ နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က (၂) နှစ်ထဲရယ်ပါ။ ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်။

၁၉၇၂ ခုနှစ်။

မိုက်ကယ်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူတူ ဘူတန်ကို ထွက်ခွာခဲ့တယ်။ မိုက်ကယ်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ် ၀င်လုပ်ခဲ့တယ်။

ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲဒီ့ အချိန်တွေကို ငါ အမြဲတမ်း သတိရနေမှာပါ။

မိုက်ကယ်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreemrnt တစ်ခုတောင်းခဲ့တယ်။ ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့။ သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ။ ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား။ မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါတယ်။ မေမေကတော့ ထုံးစံအတိုင်းပဲပေါ့။ I trust you … တဲ့။ တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်တာဟာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ။ ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး။
၁၉၇၃ ခုနှစ်။

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်။ ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ် သိလား။ သားကြီး အဲလက်စ်ကို မွေးခဲ့တယ်။ ငါမိခင်တစ်ယောက် ဖြစ်ခဲ့ပြီပဲ။ အဲဒီ့နေ့က မေမေနဲ့ ငါ စကားအကြာကြီး ပြောဖြစ်တယ်။ မေမေရယ်လေ … ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး။ မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်။ ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်။ မိုက်ကယ်လည်း ငါ့ဘေးနားမှာ ရှိနေခဲ့တယ်။
၁၉၇၄ ခုနှစ်။

မိုက်ကယ်အလုပ်ရတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့  တိဗက်ဘာသာစကားဌာနမှာပေါ့။

၁၉၇၇ ခုနှစ်။

သားငယ် ကင်မ်ကို မွေးတယ်။ ငါ့ရဲ့ ဒုတိယသားလေးပေါ့။ ခုဆို ငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ။ ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး။ ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါ စာတွေရေးဖြစ်ခဲ့တယ်။ ဖေဖေရဲ့

အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့။ မိုက်ကယ်ကိုလည်း သူလေ့လာနေတဲ့ JY Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်။

၁၉၈၅ ခုနှစ်။

ကျိုတိုတက္ကသိုလ်မှာ Visitng Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ လုပ်ဆောင်ချက်တွေကို

စာတမ်းပြုစုခဲ့တယ်။ ငါ ကျေနပ်အားရ ဂုဏ်ယူမိပါတယ်။ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ။

၁၉၈၆ ခုနှစ်။

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်။ အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့။ ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်။ ကြည်နူးလိုက်တာ။ ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်။ မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်။ ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ။
၁၉၈၇ ခုနှစ်။

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်။ မိုက်ကယ်က စာတမ်းတွေ ပြုစုနေခဲ့တယ်။ အင်္ဂလန်ကိုလည်း ငါ ခဏပြန်ခဲ့သေးတယ်။ မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့။ စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်။

ငါ့ရဲ့ Advanced Degree အတွက် Lodon School of Oriental and African studies မှာ စာရင်းပေးခဲ့တယ်။

၁၉၈၈ ခုနှစ်၊ မတ် (၃၁) ရက်နေ့ ။

တယ်လီဖုန်းသံမြည်လာခဲ့တယ်။ ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်။ ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး၊ မေမေလေဖြတ်သွားတယ်တဲ့။

နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်။ ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်။ မေမေရယ် … မှတ်တောင် မမှတ်မိတော့ဘူး။ မေမေ ခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ၊ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ၊ တော်တော့ကို ပြောင်းလဲသွားခဲ့တာပဲနော်။

ရန်ကုန်မြို့ကြီးမှာလည်း နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်။ အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်။ (၈) ရက်၊ (၈) လ၊ (၁၉၈၈) ခုနှစ်မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်။

စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်။ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့။ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ် …



စက်တင်ဘာ (၁၈) ရက် - စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့။ ငါ ဘာလုပ်ရမလဲ။ ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား၊ ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်။ ဒါပေမယ့် သေချာတယ်၊ ငါ လိပ်ပြာမလုံဘူး။ ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်။ သူတို့ကို ငါရှက်တယ်၊ ငါ မပြန်ဘူး။ ငါ ဒီမှာနေမယ်။ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ။

သူတို့ ငါ့ကို လိုအပ်နေပြီလို့ ငါ ခံစားရတယ်။ ဟုတ်တယ်၊ ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါ မျက်ကွယ်မပြုနိုင်ဘူး။ ငါဒီမှာနေမယ်၊ ငါ မပြန်တော့ဘူး။ ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ငါ မြန်မာပြည်မှာနေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်။ လူတိုင်း ကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာ ဖန်တီးယူနိုင်အောင် ငါ ကြိုးစားမယ်။ ဟုတ်တယ်။

NLD ကို စက်တင်ဘာ (၂၄) ရက်နေ့မှာ စတည်ထောင်တယ်။ အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါ ပါဝင်လှုပ်ရှားတယ်။ ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ။ ဒါကို ငါအသုံးချခဲ့တယ်။ စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်။

ငါ့ကို အသေတောင် ပစ်သတ်တော့မလို့တဲ့။ သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ။ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီး လှမ်းလျှောက်သွားခဲ့တယ်။ င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ။

သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို လူထုကြီးက ဟေး …. ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ၊ ငါ့မှာ ကြက်သီးတွေတောင် ထလို့။

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်။

မေမေ ဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ။ ကောင်းရာသုဂတိလားပါစေ မေမေရယ်။ မေမေ့အသက် (၇၆) နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက် ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက်။

မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်။ မေမေ့ကို မြင်စေချင်လိုက်တာ။ မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီး တိုင်တည်သစ္စာပြုခဲ့တယ်။ ဖေဖေနဲ့ မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်ခဲ့ကြတယ်။ ဒီတာဝန်ကို ကျေပြွန်အောင် သမီး ဆက်လက်ထမ်းဆောင်ပါ့မယ်။ သမီးသေသည်ထိပေါ့။

ငါ့ကို လိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်။ အရှက်မရှိလိုက်ကြတာလေ။ ငါတို့ လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်။ ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်။ ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်။

အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ် ပြန်ချလိုက်နဲ့။ နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်။ ငါ့အပေါ် ရက်စက်လိုက်ကြတာ။ ကိုယ်ချင်းမစာလိုက်ကြတာ။ ပြောရက်လိုက်ကြတာ။ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ။ နိုင်ငံအပေါ် သစ္စာဖောက်သူတဲ့၊ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့။ ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး။ ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်။ ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ။

ငါ့ကို နိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့ ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်။ ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ။ မေမေဂုဏ်ယူပါတယ် သားကြီးရယ်။ မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ ခုချိန်ထိပဲလေ။

မေမေက ကိုယ်ကျိုးရှာသူ ဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ။ သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာ မဟုတ်ပါဘူး။ သားတို့ကို သိပ်ချစ်တာပေါ့။ သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့။ ဒါပေမယ့်သားတို့ရယ်၊ သားတို့ကို ချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို မေမေ ပိုချစ်မိတယ်။ ဒါကို သားတို့ ခွင့်လွှတ်နားလည်ပေးကြပါနော်။ သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်။

၂၀၀၃ ခုနှစ် မေလ (၃၀) ရက်။

ရက်စက်လိုက်ကြတာကွယ်။ ရက်စက်လိုက်ကြတာ၊ မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး။ သတ်ဟေ့သတ်ဟ ချဟေ့ချဟ ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ။ အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေ လွှမ်းနေခဲ့တယ်။

ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်။ သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ။ ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ မေမေစု ဆုတောင်းပေးပါတယ်ကွယ်။ ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့။

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ။

ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာ စွန့်လွှတ်ခဲ့ရရှာပြီ။ ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း နွမ်းလျလှပါပြီ။ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ။

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ။ ငါ့ ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ။ ငါ့အသက်လည်း ၆၄ နှစ်ထဲ ရောက်ခဲ့ပြီ။ ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ။

ငါ့မှာတော့ ... ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့ .... ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့ …. သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ။

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်။ အပြင်မှာ နေခြည်တွေ ဖြာနေပြီနော်။

ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...

ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...

ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ... တဲ့။

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး အခန်းပြတင်းကိုဖွင့်လိုက်တယ်။ ငါ့ကို စောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်။ မကြောက်ပါနဲ့ သားရယ်။ ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့ ငါ့ကို ဦးညွှတ်တယ်။ သား စာဆက်ကျက်ပါကွယ် .. စိတ်ကိုအေးအေးသာထားပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစား မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက် အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ။

ဒီသစ္စာစကားမှန်ရင် ငါချစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို

ကြိုဆိုနိုင်ပါစေသား။ ငါရှင်သန်နေဦးမှာပါ။ မသေမချင်းပေါ့။

နေရောင်ခြည်ရဲ့ နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်။ အရှင်ဘုရားရဲ့  မေတ္တာကရုဏာတော်အောက်မှာ ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား၊ မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား၊ ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား၊ မတရားမှုများ ဖယ်ခွာနိုင်ပါစေသား။

ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည် … ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ ... အမျှ အမျှ အမျှ … သာဓု ... သာဓု ... သာဓု။


(ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ ကိုယ်ရေးရာဇ၀င် http://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html အား အခြေခံ၍ မြန်မာဘာသာဖြင့် ပြန်လည် ခံစားဖေါ်ကျူးရေးသားခဲ့သော မူလစာရေးသားသူအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်။


ရဲဇော်ကို ရေးသော ရွှေမြန်မာဥယျာဉ်မှကူးယူ ပြန်လည်တင်ပြပါသည်။

Sunday, March 25, 2012



ဆယ်ပါးသီလတောင်းခံဆောက်တည်ပုံနှင့် ဆယ်ပါးသီလအနက်

သီလယူတောင်းပုံ
အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

သံဃာ - ယ’မဟံ ၀ဒါမိ၊ တံ ၀ဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်)။

ဗုဒၶံ သရဏံ ဂစ ၦာမိ။
ဓမၼံ သရဏံ ဂစ ၦာမိ။
သံဃံ သရဏံ ဂစ ၦာမိိ။

ဒုတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
ဒုတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
ဒုတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

တတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
တတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
တတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

သံဃာ - တိသရဏဂမနံ ပရိပုဏၰံ။
လူ - အာမ ဘေႏ ၱ ပါ အရွင္ဘုရား။

(၁) ပါဏာတိပါတာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၂) အဒိႏၷာဒါနာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၃) အျဗဟၼစရိယာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၄) မုသာ၀ါဒါ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၆) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၈) မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၉) ဥစ္စာသယန မဟာသယန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၁၀) ဇာတရူပ ရဇတပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

သံဃာ - တိသရဏေနသဟ ဒသ ဂဟဋ္ဌသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

၉။ ဥစ္စာသယန မဟာသယန သိက္ခာပုဒ် သိမှတ်ဖွယ်
မြင့်သောနေရာ မြတ်သောနေရာ၌ အိပ်ခြင်း နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

ဥစ္စာသယန = မြင့်သောနေရာ၊
အခြေတစ်ထောင့်ထွာထက် ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်ကြီးများ စသည်ကို “ဥစ္စာသယန” ဟု ခေါ်သည်။ မထိုင်ကောင်း မအိပ်ကောင်း။

မဟာသယန = မြတ်သောနေရာ၊
စည်းစိမ်ခံစားလေ့ရှိသော လူချမ်းသာများ၏ အိမ်၌ လက်လေးသစ်မက အမွေးရှည်သော ကောဇောသားမွေးအခင်း၊ ခြင်္သေ့ သစ် ကျားရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွေခြည် ငွေခြည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း လဲမွေ့ရာ ဂွမ်းမွေ့ရာများကို မသုံးကောင်း၊ အသုံးပြုလျှင် ဤသိက္ခာပုဒ်သီလပျက်သည်။ အုန်းခွံအဆာသွတ် မွေ့ရာကိုမှ သုံးကောင်းသည်။ သင်းဖြူးချော ကော်ဇောအမွေးတို စသည်တို့ကိုကား ဤသိက္ခာပုဒ်အရ မြတ်သော နေရာဟု မဆိုရချေ။


၁၀။ ဇာတရူပ သိက္ခာပုဒ် သိမှတ်ဖွယ်
“ဇာတရူပ”အရ ရွှေတုံး ရွှေခဲ သာမက ရွှေဖြင့် ပြုလုပ်ထားသော အ၀တ်တန်ဆာ အားလုံး အကျုံးဝင်သည်။
“ရဇတ” အရ ဘော်သာခွာငွေကိုသာမက ရောင်းဝယ်မူ သုံးစွဲရိုးဖြစ်သော ငွေစက္ကူအားလုံး အကျုံးဝင်သည်။
“ပဋိဂ္ဂဟဏ” အရ လက်ဖြင့် ကိုင်ခြင်း ခံယူခြင်း၊ စီမံ သုံးစွဲခြင်းတို့ဖြစ်သည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


ရှစ်ပါးသီလတောင်းခံဆောက်တည်ပုံနှင့် ရှစ်ပါးသီလအနက် -

သီလယူတောင်းပုံ

အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

သံဃာ - ယ’မဟံ ၀ဒါမိ၊ တံ ၀ဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်)။

ဗုဒၶံ သရဏံ ဂစ ၦာမိ။
ဓမၼံ သရဏံ ဂစ ၦာမိ။
သံဃံ သရဏံ ဂစ ၦာမိိ။

ဒုတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
ဒုတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
ဒုတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

တတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
တတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
တတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

သံဃာ - တိသရဏဂမနံ ပရိပုဏၰံ။
လူ - အာမ ဘေႏ ၱ ပါ အရွင္ဘုရား။

(၁) ပါဏာတိပါတာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၂) အဒိႏၷာဒါနာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၃) အျဗဟၼစရိယာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၄) မုသာ၀ါဒါ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၆) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၈) မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

သံဃာ - တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

၃။ အဗြဟ္မစရိယ သိက္ခာပုဒ် သိမှတ်ဖွယ်
မမြတ်သော မေထုန်အကျင့်ဟူရာ၌ မိန်းမယောက်ျားနှစ်ဦးသားတို့၏ အချင်းချင်း ပျော်ပါး ပေါင်းသင်းမူ ကိစ္စကို မေထုန်ဟု ဆိုသည်။

ကာမေသုမိစ္ဆာစာရမှာ မိမိတို့ ဇနီးခင်ပွန်းအချင်းချင်း ပေါင်းသင်းခွင့်ရသေးသည်။ ဤ အဗြဟ္မစရိယ ဆောက်တည်သူတို့မှာ ဇနီး ခင်ပွန်း အချင်းချင်းသော်မှ ပေါင်းသင်းဆက်ဆံခွင့်မရ။

အိမ်ထောင်မရှိသော သူတော်စင်များသည် ငါးပါးသီလတွင် ကာမေသုမိစ္ဆာစာရအစား ဤ အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ပါက သာ၍ အကျိုးကြီးသည်။

၆။ ၀ိကာလဘောဇန သိက္ခာပုဒ် သိမှတ်ဖွယ်
နေလွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း
“နေလွဲအခါ အစာစားခြင်းမှ ရှောင်ကြဉ်ပါ၏” ဆိုရာ၌ နေ့လည် မွန်းတည့်(၁၂)နာရီ အချိန်မှ နောက်ပိုင်းကို နေလွဲ မွန်းလွဲဟု ခေါ်၏။

ထိုနေလွဲသည်မှစ၍ နောက်နေ့ နံနက်အာရုဏ်တက်သည့်တိုင်အောင် ထမင်း ဟင်းလျာ မုန့် ပဲ သရေစာ သစ်သီးစသည့် စားသောက်ဖွယ်ရာ ဟူသမျှကို မစားရ။ ယင်း အစားအစာများကို စားလျှင် ၀ိကာလဘောဇနသိက္ခာပုဒ်ပျက်သည်။

ဆာလောင်မွတ်သိပ်မူ ဖြစ်ခဲ့သော် ဖျော်ရည်တစ်မျိုးမျုးကို သောက်ကောင်း၏။ ထန်းလျက်ကိုပင် မစားရ၊ ဖျော်ရည်လုပ်၍ သောက်ရသည်။

ညစာ မစားခြင်းအကျိုး
ညစာ မစားဘဲ ရှောင်ကြဉ်ခြင်းသည် အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလတွင် တစ်ပါးမျှသာ ဖြစ်၏။ ညာစာ မစားမူတစ်ခုတည်းကို ဥပုသ်စောင့်သည်ဟု မဆိုနိုင်။ ဤ သိက္ခာပုဒ်၏ ရည်ရွယ်ချက်မှာ -

(၁) ကိစ္စနည်း၍ တရားအာရုံပြုနိုင်ရန် အချိန်များစွာ ရစေခြင်း၊

(၂) လောကီအာရုံ ကာမဂုဏ်၌ စိတ်မ၀င်စားအောင် လောဘ ဒေါသများ ထိန်းချုပ်ပြီး ဖြစ်စေခြင်းတို့ ဖြစ်၏။

ညစာစားလျှင် ညစာစားဖို့အတွက် ချက်စရာပြုတ်စရာ ရှာရ ဖွေရ ချက်ပြုတ် စီမံရသဖြင့် အလွန်ကိစ္စများ၏။ ထိုအလုပ်များကို လုပ်ကိုင်နေရလျှင် ဘုရား တရားအာရုံပြုရန် အချိန်နည်းသွားမည်။ ထို့ကြောင့် ညစာမစားခြင်းသည် အလုပ်ကိစ္စနည်း တရားအာရုံပြုဖို့ရန် အချိန်များစွာ ရစေခြင်း အကျိုးရှိသည်။

ညစာ စားခြင်းဖြင့် အင်အားပြည့်ဖြိုး၍ လောကီအာရုံ ကာမဂုဏ်ဘက်၌ စိတ်ညွတ်စေသည်။ ထို့ကြောင့် မေထုန်မူမှ ရှောင်ကြဉ်မူ အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းရာ၌ ခြောက်ပါးသီလ ထိန်းသိမ်းကြောင်း ပဉ္စင်္ဂုတ္တရပါဠိတော် ဂဝေသီသုတ်၌ လားရှိသည်။

ဓမ္မိကဥပါသကာ၊ နန္ဒမာတာတို့လည်း ဗြဟ္မစရိယငါးပါးသီလ၌ ၀ိကာလဘောဇနသိက္ခာပုဒ် ထည့်၍ ခြောက်ပါးသီလကို အသက်ထက်ဆုံး ကျင့်သုံးကြကြောင်း လားရှိသည်။

ကာမရာဂ သံယောဇဉ် ကင်းပြတ်ပြီးသော ဆတ္တပါဏိဥပါသကာ၊ ၀ိသာခသူဌေးစသူတို့ကဲ့သို့ လူဝတ်ကြောင့် အနာဂါမ်များ ဗြဟ္မစရိယသိက္ခာပုဒ်နှင့် ၀ိကာလဘောဇနသိက္ခာပုဒ်များ အလိုလို စောင့်စည်းပြီးဖြစ်ကြောင်း ကျမ်းဂန်တို့၌ ဆိုသည်။

၇။ နစ္စ ဂီတ ၀ါဒိတ သိက္ခာပုဒ် သိမှတ်ဖွယ်
နစ္စ = ကခြင်း
ကခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင် ကခုန်ခြင်း မပြုရ။ သူတပါးအား အကခိုင်းခြင်းလည်း မပြုရ၊ အောက်ထစ်ဆုံး တိရစ္ဆာန်များကိုပင် အက မခိုင်းရ။ ကပွဲများကို သွားရောက်ကြည့်ရူခြင်းလည်း မပြုရ။ ခရီးသွာနေစဉ် လမ်းခရီး၌ ကပွဲများနှင့် မတော်တဆ တိုက်ဆိုင်မိ၍ မကြည့်ချင် မြင်လျက်သား အဖြစ်မျိုးနှင့် ကြုံရ၍ ကြည့်မိ မြင်မိလျှင် ဤသိက္ခာပုဒ်သီလ မပျက်ချေ။ သို့ရာတွင် ယင်းသို့ ကြုံရသည်ကို တမင်တကာ အခွင့်အရေးယူပြီး ဆက်လက်ရပ်ကြည့်နေလျှင်မူ သီလ ပျက်တော့သည်။

ဂီတ = သီဆိုခြင်း
ကိုယ်တိုင်သီဆိုခြင်း သူတပါးကို သီဆိုခိုင်းခြင်း မပြုရ။ စည်းလိုက် ၀ါးလိုက် အသံကို ဆွဲငင်လျက် ပါဠိဂါထာများကို ရွတ်ဖတ်ခြင်း ဓမ္မတေးကဗျာများကို ရွတ်ဆိုခြင်း မပြုရ။ ဘုရားရှိခိုးရာ တရားစာရွတ်ဆိုရာ၌ပင် သီချင်းသံပေါက် အောင်ဆွဲဆွဲငင်ငင် မဆိုရ။ ကိုယ်တိုင် မဆိုရုံသာမက သူတပါးကိုလည်း သီဆိုခိုင်းခြင်းမပြုရ။ သူတပါး သီဆိုသည်ကို သွားရောက်နားထောင်ခြင်း မပြုရ။ နားထောင်လျှင် သီလပျက်၏။ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေစဉ် သူတပါးက လာရောက်သီဆို၍ ကြားရရာ၌ကား သီလမပျက်ချေ။

ဝါဒိတ = တီးမူတ်ခြင်း
စည်း စောင်း ညှင်း ပတ်သာ စသော တူရိယာငါးမျိုးကို ကိုယ်တိုင်လည်း မတီးခတ်ရ။ သူတပါးကိုလည်း အတီးမခိုင်းရ။ တီးမူတ်သံကိုလည်း နားမထောင်ရ၊ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေလျက်က သီဆိုသံကို ကြားရခြင်းကြောင့် သီလပျက်စီးမူ မရှိချေ။ တမင်လွန်ကျူးမှသာ သီလပျက်၏။

ဝိသူကဒဿန = ဆန့်ကျင်ဘက်ကို ကြည့်ရူခြင်း
ကပြ သီဆို တီးမူတ်မူများသည် လောကအမြင်အားဖြင့် အနုပညာ တစ်ရပ်အဖြစ် ချီးကျူးဖွယ်ရာဖြစ်သော်လည်း လောကုတ္တရာအမြင်အားဖြင့် ကြည့်သော် ကာမဂုဏ်အာရုံ ခံစားမူကို အားမြှောက် ပြုရာရောက်၏။ ထို့ကြောင့် နစ္စ ဂီတ ၀ါဒိတ အရ ကပြ သီဆို တီးမူတ်ခြင်းများကို ကြည့်ရူနားထောင်ခြင်းများသည် “၀ိသူကဒဿန - သာသနာတော်၏ ငြောင့်တံကျင်သဖွယ် ဖြစ်သော ကြည့်ရူနားထောင်မူ” ဟု ခေါ်၏။ (၀ိသူက = ဆန့်ကျင်ဘက် + ဒဿန = ကြည့်ရူနားထောင်ခြင်း)။

၈။ မာလာဂန္ဓ ၀ိလေပန သိက္ခာပုဒ် သိမှတ်ဖွယ်
မာလာဓာရဏ = ပင်ပန်းခြင်း
ဥပုသ်စောင့်ချိန်၌ ပန်းပွင့် ပန်းခိုင် ပန်းကုံးများကို ပန်ဆင်ခြင်း၊ သူတပါးအား အပန်ခိုင်းခြင်းများ မပြုရ၊ ပြုလုပ်လျှင် သီလပျက်၏။

ဂန္ဓဓာရဏ = အမွှေးရနံ့ဆောင်ခြင်း
ရေမွှေး နံ့သာဆီ ဆွတ်ဖျန်းခြင်း၊ နံ့သာမူန့်(ပေါင်ဒါမူန့်) လိမ်းကျံခြင်း၊ ထုံမွှမ်းခြင်းများ မပြုလုပ်ရ။ သူတပါးအားလည်း မခိုင်းရ။ ပြုလုပ်လျှင် သီလပျက်စီးသည်။ အကြောင်းထူးမရှိဘဲ မွှေးကြိုင်သော ဆပ်ပြာမသုံးရ၊ ချွေးနံ့ပျောက်စေရန် မွှေးကြိုင်သော ဆပ်ပြာသုံးခြင်း၊ ပေါင်ဒါမူန့်ဖြူးခြင်းကိုမူ ခြွင်းချက် ပြုထားသည်။

ဂန္ဓ၀ိလေပန = နံ့သာနံ့သာပျောင်း သုံးစွဲခြင်း
အမွှေးရနံ့ကို နံ့သာဟုခေါ်၍ သနပ်ခါးရည် အလှဆီ မိတ်ကပ်တို့ကို နံ့သာပျောင်းဟု ခေါ်သည်။ ယင်း နံ့သာပျောင်းကို လိမ်းကျံခြင်း၊ ခြယ်သဖြင်း၊ နိမ့်ရာ၌ ဖို့သိပ်ခြင်း၊ မျက်နှာပေါင်းတင်ခြင်း၊ သူတပါးအား လိမ်းကျံခိုင်းခြင်းများ မပြုလုပ်ရ၊ ပြုလျှင် သီလပျက်စီး၏။

မဏ္ဍန = အလှပြင်ခြင်း
ကျောက်ပေါက်များ၊ မှဲ့ခြောက်၊ ၀က်ခြံ၊ တင်းတိပ်၊ ညှင်း စသည့် ပျောက်ကွယ်စေရန် ဆေးလိမ်းခြင်း၊ ဆံပင်အလှပြင်ခြင်း၊ တွန့်ခြင်း ကောက်ခြင်း၊ ပုံသွင်းခြင်း၊ လက်သည်း အလှပြင်ခြင်း၊ ခြေသည်းလက်သည်း ဆိုးခြင်း၊ နူတ်ခမ်းဆိုးခြင်း မျက်တောင်အတုတပ်ခြင်း၊ မျက်ခုံးမွှေးနုတ်ခြင်း၊ မျက်စိအရောင်ခြယ်(ကာခြယ်)ခြင်း စသည်ဖြင့် အလှပြင်ခြင်း မှန်သမျှကို မဏ္ဍနဟု ခေါ်သည်။ မည်သည့် အလှပြုပြင်ခြင်းမျိုးကိုမျှ မပြုရ။ ပြုလျှင် သီလပျက်၏။ သာမန်အားဖြင့် ခေါင်းဖြီးခြင်း လက်သည်းခြေသည်းရှည်၍ လှီးဖြတ်ခြင်းတို့မှာမူ အပြစ်မရှိ။ သီလမပျက်ချေ။

နံ့သာ နံသာပျောင်း မိတ်ကပ်တို့ဖြင့် တန်ဆာဆင်အလှပြင်ခြင်း၊ ဂန္ဓ(နံ့သာ)ဖြင့် အနံ့မွှေးအောင်၊ ၀ိလေပန(နံ့သာပျောင်း)ဖြင့် အသားအရေ လှပအောင် လိမ်းကျံခြယ်သခြင်း မပြုရ၊ ပြုလျှင် သီလပျက်၏။

ဤသိက္ခာပုဒ်လာ အမွှေးနံ့သာ ခြယ်လှယ်ပြုပြင်မူအားလုံးသည် ကာမဂုဏ်၌ အကြောင်းခံ၏။ ဥပုသ်စောင့်သုံးခြင်းသည် ထိုကာမဂုဏ်လောဘကို ပယ်သတ်ခြင်းဖြစ်၏။ ထိုအရာ အားလုံးကို ၀ိနည်းရှောင်သောအားဖြင့် ဥပုသ်သီလမယူမီ ကြိုတင်၍လည်း မပြုလုပ်ရချေ။

ဝိဘူသန = တန်ဆာဆင်ခြင်း
စိန် ရွှေ ငွေ လက်ဝတ် လက်စားများ ၀တ်ဆင်ခြင်း၊ အ၀တ်အထည်ကို သာမတန်ဝတ်ဆင်မူမျိုးမဟုတ်ဘဲ အလှအပ တန်ဆာဆင်သည့် အနေဖြင့် အဆင်ဆန်း ပုံဆန်း အ၀တ်များ ၀တ်ခြင်း၊ ဖိနပ်အလှစီးခြင်း၊ ထီးအလှဆောင်းခြင်း စသည်တို့သည် တန်ဆာဆင်မူဖြစ်၍ ပြုလုပ်လျှင် သီလပျက်၏။ ထို့ကြောင့် ဥပုသ်သည်များသည် အ၀တ်ကို ရိုးရိုးယဉ်ယဉ်မျှသာ ၀တ်ဆင်၍ သာမန် စီးနေကျဖိနပ် ဆောင်းနေကျ ထီးကို အသုံးပြုကြရမည်ဖြစ်သည်။ ၀တ်ဖြူ စင်ကြယ်၊ ယောဂီရောင်များကို ၀တ်ဆင်ခြင်းသည် အကောင်းဆုံးပင် ဖြစ်၏။

ဋ္ဌာန = အကြောင်းအရာ
ဤ ပန်းပန်မူစသော အလှပြင်တန်ဆာဆင်မူ အားလုံးသည် ကိလေသာ တဏှာတိုးပွားခြင်း၏ အကြောင်းရင်းဖြစ်၍ ရှောင်ကြဉ်ကြရခြင်း ဖြစ်သည်။

ရှစ်ပါးသီလသည် အမြဲတတ်နိုင်လျှင် အမြဲစောင့်ထိန်းသင့်ပြီး ရံခါတတ်နိုင်လျှင် ရံခါ စောင့်ထိန်းသင့်သော သီလဖြစ်သည်။ လူတို့နှင့် အထူးသင့်လျော်သော သီလဖြစ်သည်။

အထူးသဖြင့် ဤရှစ်ပါးသီလကို လဆန်း(၈)ရက်၊ လဆုတ်(၈)ရက်၊ လပြည့်၊ လကွယ်နေ့များ၌ ဥပုသ်နေ့အဖြစ် သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့ရှိသည်။

ဤ ရှစ်ပါးသီလကို သာမန်စောင့်ရိုးစောင့်ရက်များတွင်သာမက အကြိုအပို စောင့်သုံးသောအားဖြင့် အဖိတ်နေ့ ဥပုသ်အထွက်နေ့များတွင်ပါ စောင့်သုံးလေ့ရှိသည်။ ဤရှစ်ပါးသီလကို ကျင့်သုံး ဆောက်တည်ခြင်းသည် -

- ဘုန်းတန်ခိုး အရှိန်အ၀ါ စည်းစိမ်ဥစ္စာ တိုးတက်မြင့်မားစေနိုင်သည်။

- စကြာဝတေးမင်း ဧကန်ဖြစ်မည့် စကြာမင်းလောင်းသည်ပင် ရှစ်ပါးသီလဆောက်တည်မှသာ စကြာရတနာဆိုက်ရောက်ပြီး စကြာရတနာဆိုက်ရောက်ပြီး စကြ၀တေးမင်း အဖြစ်သို့ ရောက်ရှိနိုင်သည်။

- ဘ၀သံသရာ၌ ကောင်းရာသုဂတိသို့ ရောက်ရှိကာ လူ နတ်စည်းစိမ်း ချမ်းသာအမျိုးမျိုးကို အကြိမ်ကြိမ်ခံစားရပြီး မဂ်ဖိုလ် နိဗ္ဗာန်အထိ အဆင့်ဆင့်သော အကျိုးတရာများကို ရရှိနိုင်သည်။

- မျက်မှောက်ဘ၀တွင် လူတော်လူကောင်းတစ်ယောက်ဖြစ်ကာ အပြစ်ကင်းစင်၍ အများချစ်ခင် လေးစားမူ ယုံကြည်မူ အားထားမူကို ခံရသည်။

- ယခု ဘ၀တွင်ပင် စည်းစိမ်ဥစ္စာတို့ အစုလိုက် အပုံလိုက် တိုးတက် ကြီးပွားနိုင်သည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

ငါးပါးသီလဆောက်တည်ပုံနှင့်ငါးပါးသီလအနက်-


Inbox
x






အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ -
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

သံဃာ - ယ’မဟံ ၀ဒါမိ၊ တံ ၀ဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်)။

ဗုဒၶံ သရဏံ ဂစ ၦာမိ။
ဓမၼံ သရဏံ ဂစ ၦာမိ။
သံဃံ သရဏံ ဂစ ၦာမိိ။

ဒုတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
ဒုတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
ဒုတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

တတိယမၸိ - ဗုဒၶံ သရဏံ ဂစ ၦာမိိ။
တတိယမၸိ - ဓမၼံ သရဏံ ဂစ ၦာမိ။
တတိယမၸိ - သံဃံ သရဏံ ဂစ ၦာမိိ။

သံဃာ - တိသရဏဂမနံ ပရိပုဏၰံ။
လူ - အာမ ဘေႏ ၱ ပါ အရွင္ဘုရား။

(၁) ပါဏာတိပါတာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၂) အဒိႏၷာဒါနာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၃) ကာေမသု မိစ ၦာစာရာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၄) မုသာ၀ါဒါ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။

(၅) သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

သံဃာ - တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူ - အာမ ဘန္တေ ပါ အရှင်ဘုရား။


(၁) ပါဏာတိပါတ သိက္ခာပုဒ် သိမှတ်ဖွယ်
သေစေလိုသောစိတ်ဖြင့် မည်သည့်သတ္တ၀ါ၏ အသက်ကိုမဆို သတ်ဖြတ်ခြင်းသည် ပါဏာတိပါတမည်၏။

ပါဏာတိပါတ အင်္ဂါ(၅)ပါး
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါ ဟု သိမှတ်ခြင်း၊
(၃) သတ်လိုသော၊ သေစေလိုသော စိတ်စေတနာရှိခြင်း၊
(၄) သေစေရန်ပြုလုပ် အားထုတ်ခြင်း၊
(၅) ထိုပြုလုပ် အားထုတ်မူကြောင့် သေခြင်း။

ပါဏာတိပါတ၌ တရားကိုယ်မှာ သတ်လိုသော ဒေါသစိတ် စေတနာ ဖြစ်သည်။

ဤအင်္ဂါငါးပါးနှင့် ညီညွတ်ပါက ပါဏာတိပါတ ကမ္မပထမြောက်သည်။ ပါဏာတိပတ ကမ၌ပထမြောက်လျှင် သေလွန်သောအခါ အပါယ်ဘုံဘ၀၌ ကျရောက်ရ၏။ ထိုအင်္ဂါငါးပါးအနက် တစ်ခုခု ချို့တဲ့လျှင် ပါဏာတိပါတ ကံမထိုက်၊ သတ်သည်မမည်။

ဥပမာ - လမ်းသွားရင် မတော်တဆ နင်းမိ၍ ပိုးကောင်ငယ်များ၊ ပုရွတ်ဆိတ်များ စသည်သေခြင်းသည် ပါဏာတိပါတကံ မထိုက်၊ ကျန်အင်္ဂါလေးပါးနှင့် ညီညွတ်သော်လည်း သေစေလိုစိတ် မရှိသောကြောင့် ဖြစ်၏။

ဤအင်္ဂါငါးရပ်စလုံးနှင့် ပြည့်စုံမှသာ ကမ္မပထမြောက်၏။ တစ်ပါးပါး ချွတ်ယွင်းသော် ကံမျှသာဖြစ်၍ ကမ္မပထ မမြောက်သောကြောင့် အပါယ်မလား နိုင်သော်လည်း အကုသိုလ်မူကား ဖြစ်၏။ မကောင်းကျိုးများ အထိုက်အလျောက် ပေးနိုင်သည်ပင်။

အပြစ်ကြီးမူ၊ အပြစ်ငယ်မူ
ဆက်လက် မှတ်သားရမှာ ပါဏာတိပါတကံချင်း သူ့အသက်သက်မူချင်း တူသော်လည်း အခြေအနေ အမျိုးမျိုးသို့ လိုက်၍ အပြစ်ဖြစ်ပုံချင်းမတူ၊ အပြစ်ကြီးငယ် ကွာခြား၏။

သတ္တ၀ါအကြီးအငယ်ကို လိုက်၍လည်းကောင်း၊ သတ္တ၀ါ၏ အကျင့် သီလဂုဏ်သိက္ခာကို လိုက်၍လည်းကောင်း၊ အပြစ်အကြီး အငယ် ခြားနား၏။ အကျင့်သီလ ဂုဏ်မရှိသော တိရစ္ဆာန်စသော သတ္တ၀ါတို့၌ ခန္ဓာကိုယ်ငယ်လျှင် အပြစ်ငယ်၍ ခန္ဓာကိုယ်ကြီးလျှင် အပြစ်ကြီး၏။ လူ စသော သတ္တ၀ါတို့၌ အကျင့်သီလစသည် နည်းလျှင် အပြစ်ငယ်၍ အကျင့်သီလစသည် ကြီးလျှင် အပြစ်ကြီး၏ ခန္ဓာကိုယ်နှင့် သီလစသော ဂုဏ်တို့ တူညီရာ၌ပင် စေတနာ လုံ့လအားနည်းလျှင် အပြစ်နည်း၏။ စေတနာ လုံ့လအားကြီးလျှင် အပြစ်ကြီး၏။

ပါဏာတိပါတ ရှောဉ်ကြဉ်ရကျိုး
သူတပါးအသက်ကို မသတ်ခြင်း၊ သူ့အသက်သတ်မူ ရှောင်ကြဉ်သော ကုသိုလ်ကြောင့် လူ့ပြည်၊ နတ်ရွာ၊ သုဂတိဘ၀သို့ ရောက်ရသည်။ လူဖြစ်သောအခါတွင်လည်း အနာရောဂါကင်း၍ အသက်ရှည်ခြင်း စသည်နှင့် ပြည့်စုံရသည်။ သက်ရှိသတ္တ၀ါတိုင်း သေရမည်ကို ကြောက်ကြ၏။ မိမိကိုယ်နှင့် နိုင်းစာ၍ ညှဉ်းဆဲ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ကြရ၏။ ရှောင်ကြဉ်ရသော ကောင်းကျိုးများမှာ -
(၁) မျက်စိ နား နှာ အင်္ဂါ ခြေလက် မချို့တဲ့ခြင်း၊
(၂) ဖြစ်လေရာဘ၀၌ ရုပ်အသွင်ညှိုးခြောက်ခြင်း မရှိ၊ စိုစိုပြည်ပြည်ရှိခြင်း၊
(၃) အားအင်ပြည့်ဖြိုးခြင်း၊
(၄) လျင်မြန်ဖြတ်လတ်ခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ရဲရင့်ခြင်း၊
(၆) သူတပါးပယောဂကြောင့် မသေရခြင်း၊
(၇) အနာရောဂါကင်းခြင်း၊
(၈) အခြွေအရံ ပြည့်စုံခြင်း၊
(၉) အသက်ရှည်ခြင်း - စသော ကောင်းကျိုးများ ခံစားရသည်။


(၂) အဒိန္နာဒါန သိက္ခာပုဒ် သိမှတ်ဖွယ်
ကိုယ်ဖြင့် ဖြစ်စေ၊ နူတ်ဖြင့် ဖြစ်စေ၊ ဓားပြတိုက်ယူခြင်း၊ လိမ်ညာယူခြင်း၊ လှည့်ပတ်ယူခြင်း၊ အရောင်းအ၀ယ်ပြုလုပ်ရာ၌ အလေး တင်းတောင်း ချိန်ခွင် စသည်ဖြင့် မမှန်မကန်ပြုခြင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်း စသည်ဖြင့် မရိုးမသား မတရားပြုလုပ်၍ ယူခြင်းမှန်သမျှသည် အဒိန္နာဒါန ဖြစ်သည်။

အဒိန္နာဒါနအင်္ဂါ (၅)ပါး
(၁) သူတပါး ဥစ္စာဖြစ်ခြင်း၊
(၂) သူတပါးဥစ္စာဟု သိမှတ်ခြင်း၊
(၃) ခိုးယူလိုသော စိတ်စေတနာရှိခြင်း၊
(၄) ခိုးယူကြောင်းဖြစ်သော ကိုယ်နူတ် လုံ့လ တစ်ခုခုကို ပြုလုပ်ခြင်း၊
(၅) ခိုးယူခြင်း။

ယင်းအင်္ဂါ(၅)ပါးစုံလျှင် အဒိန္နာဒါန ကမ္မပထမြောက်သည်။ ကမ္မပထမြောက်လျှင် သေလွန်သောအခါ အပါယ်ဘုံဘ၀၌ ကျရောက်ရ၏။

အပြစ်ကြီးမူ၊ အပြစ်ငယ်မူ
အပြစ်ကြီးမူ အပြစ်ငယ်မူမှာ ဥစ္စာရှင်၏ အကျင့်သီလ ဂုဏ်သိက္ခာကိုလိုက်၍ လည်းကောင်း၊ ဥစ္စာတန်ဖိုး အနည်းအများကို လိုက်၍ လည်းကောင်း ဖြစ်၏။ အကျင့်သီလ သိက္ခာဂုဏ်နှင့် ပြည့်စုံသူ၏ ဥစ္စာကို ခိုးယူပါက အပြစ်ကြီး၏။ အကျင့်သီလ သိက္ခာဂုဏ်နည်းပါးသူ၏ ပစ္စည်းကို ခိုးယူခဲ့သော် အပြစ်ငယ်၏။

အဒိန္နာဒါန ရှောင်ကြဉ်ရကျိုး
အဒိန္နဒါနကို ရှောင်ကြဉ်သူသည် နတ်ရွာ သုဂတိသို့ လားရောက်၍ နတ်စည်းစိမ်ခံစားရ၏။ ဘ၀အဆက်ဆက်တွင်လည်း အောက်ဖော်ပြပါ ကောင်းကျိုးများ ခံစားရ၏။
(၁) ပစ္စည်းဥစ္စာ ပေါကြွယ်ဝခြင်း၊
(၂) မပင်မပန်း ချမ်းသာခြင်း၊
(၃) အစာရေစာ ပေါများခြင်း၊
(၄) အလိုရှိသော ပစ္စည်းကို အလွယ်တကူ ရရှိခြင်း၊
(၅) ကူးသန်းရောင်းဝယ်မူ ကျွမ်းကျင် လိမ္မာ၍ စည်းစိမ်ဥစ္စာတိုးပွားခြင်း၊
(၆) ရေ၊ မီး၊ မင်း ခိုးသူ အမွေခံ သားဆိုး သမီးဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးမူ မခံရခြင်း။


(၃) ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် သိမှတ်ဖွယ်
ကာမဂုဏ်တို့၌ မှားယွင်းဖောက်ပြန်စွာ ကျင့်မူနှင့် ပတ်သက်၍ သီလဆောက်တည်သော အမျိုးကောင်းသားသည် မိမိသီလ မကျိုးမပေါက်စေရန် မသွားမလာအပ်သော မိန်းမ(၂၀)ကို ရှောင်ကြဉ်ရမည်။
(၁) မိခင် အုပ်ထိန်းသော မိန်းမ၊
(၂) ဖခင် အုပ်ထိန်းသော မိန်းမ၊
(၃) မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ၊
(၄) မောင်ကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ၊
(၅) အစ်မ ညီမ စောင့်ထိန်းသော မိန်းမ
( ၆) ဆွေမျိုး အုပ်ထိန်းသော မိန်းမ၊
(၇) အမျိုး အနွယ် အုပ်ထိန်းသော မိန်းမ၊
(၈) တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ၊
(၉) ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ၊
(၁၀) မင်းတို့ သိမ်းပိုက်ရန် ရည်ရွယ်ထား၍ မင်းဒဏ်မကင်းသော မိန်းမ၊
(၁၁) ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းနေသော မိန်းမ၊
(၁၂) အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ၊
(၁၃) ဥစ္စာစည်းစိမ်အပ်နှင်း၍ ပေါင်းသင်းနေသော မိန်းမ၊
(၁၄) အ၀တ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းနေသော မိန်းမ၊
(၁၅) လူကြီးစုံရာ လက်ထပ်ပေါင်းသင်းသော မိန်းမ၊
(၁၆) ထင်းခွေ ရေခပ် လုပ်ကိုင်ရသော မိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ မယားအဖြစ်ပေါင်းသင်းသော မိန်းမ၊
(၁၇) ကျွန်လည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) အလုပ်သမားလည်းဟုတ် မယားလည်းဟုတ်သော မိန်းမ၊ (၁၉) မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ၊
(၂၀) ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။

“မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟူသော ရှေးပညာရှိတို့ ဆုံးမစကားအရ အမျိုးကောင်းသား များသည် အုပ်ထိန်းခြင်းမကင်းသော မည်သည့် အမျိုးသမီးနှင့်မဆို ဖောက်ပြန်ကျူးလွန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်သည်။ ဤကံကား အလွန်ကြောက်ဖွယ်ကောင်း၏၊ သေလွန်၍ ငရဲသို့ကျခံရပြီးနောက် လူ့ဘ၀ပြန်ရစေကာမူ ဘ၀များစွာ နပုန်းပဏ္ဍုက် ဖြစ်ရခြင်း၊ ချစ်သူနှင့် ကွဲကွာရခြင်းစသော မကောင်းကျိုးများ များလှကုန်၏။

အပြစ်အကြီး၊ အပြစ်အငယ်
သီလမရှိသူ၌ လွန်ကျူးလျှင် အပြစ်ငယ်၏။ သီလရှိသူ၌ လွန်ကျူးလျှင် အပြစ်ကြီး၏။ ဥပမာ - နန္ဒလုလင်သည် ရဟန္တာမ ဥပ္ပလ၀ဏ်ကို ကျူးလွန်မိ၍ ချက်ချင်း အ၀ီစိကျခံရ၏။ သီလမရှိသူအပေါ်၌လည်း အနိုင်အထက် လွန်ကျူးလျှင် အပြစ်ကြီး၏။

ကာမေသုမိစ္ဆာစာရကံ အင်္ဂါ(၄)ပါး
(၁) မသွားလာအပ်သော မိန်းမ (၂၀)ဖြစ်ခြင်း၊
(၂) မှီဝဲလိုစိတ် ရှိခြင်း၊
(၃) လုံ့လ ပြုခြင်း၊
(၄) သာယာခြင်း။

ဤအင်္ဂါလေးပါး ညီညွတ်လျှင် ကာမေသုမိစ္ဆာစာရကံ မြောက်သည်။

ကာမေသုမိစ္ဆာစာရရှောင်ကြဉ်ရကျိုး
သူတပါး၏ မယားနှင့် အုပ်ထန်းခြင်းမကင်းသော သမီးပျိုများကို မကျူးလွန်ခြင်း၊ အမျိုးကောင်းသမီးများအတွက် မိမိပိုင် ကာမပိုင် လင်မှတပါး အခြား မည်သည့်ယောက်ျားနှင့်မျှ မေထုန်မကျူးလွန်ခြင်းတို့ဖြင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို စောင့်ရှောက်သူသည် အောက်ပါအကျိုးများ ခံစားရသည် -
(၁) ရန်သူမရှိခြင်း၊
(၂) အလုံးစုံသော သတ္တ၀ါတို့၏ ချစ်ခင်မြတ်နိုးခြင်းကိုခံရခြင်း၊
(၃) ထမင်း အဖျော်ယမကာ အ၀တ်တန်ဆာစသည်တို့ရခြင်း၊
(၄) ချမ်းသာစွာ အိပ်ရခြင်း၊
(၅) ချမ်းသာစွာ နိုးထရခြင်း၊
(၆) အပါယ်ဘေးမှ လွတ်ရခြင်း၊
(၇) မိန်းမအဖြစ်၊ နပုန်းအဖြစ်မှ လွတ်ရခြင်း၊
(၈) အမျက်ဒေါသနည်းခြင်း၊
(၉) ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း၊
(၁၀) လည်တိုင်ကြော့ကြော့ မော့မော့ နေထိုင်နိုင်ခြင်း၊
(၁၁) မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပျစွာ နေနိုင်ခြင်း၊
(၁၂) မိန်းမနှင့် ယောက်ျားအချင်းချင်းသာချစ်ခင်မြတ်နိုင်းခြင်း၊
(၁၃) မျက်စိ နား နှာ စသော ခြေလက် ကိုယ်အင်္ဂါများ ပြည့်စုံခြင်း၊
(၁၄) ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း၊
(၁၅) ယုံမှားသံသယကင်းရှင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း၊
(၁၆) ချမ်းသာစွာ နေရခြင်း၊
(၁၇) ပူပန်ကြောင့်ကြ မရှိရခြင်း၊
(၁၈) ဘေးရန် မရှိခြင်း၊
(၁၉) ချစ်ခင်နှစ်သက်သူတို့နှင့် အတူတကွနေရခြင်း - စသော အကျိုးတို့ကို ရရှိသည်။


(၄) မုသာဝါဒ သိက္ခာပုဒ် သိမှတ်ဖွယ်
နူတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ ကိုယ်လက်လူပ်ပြ၍ ဖြစ်စေ လိမ်ညာမူမှန်သမျှသည် မုသာဝါဒ ဖြစ်သည်။ သို့သော် နူတ်ဖြင့် ပြောရသော မုသားက များ၍ ၀စီဒုစရိုက်၌ ထည့်သွင်းရသည်။

ဘုရားလောင်းသူတော်ကောင်းများသည် သံသရာဘ၀ကျင်လည်စဉ် သတ်မူ၊ ခိုးမူ၊ ကာမကျူးလွန်မူ အရက်သေစာသောက်စားမူကို ရံခါပြုလုပ်မိခဲ့ ကြသော်လည်း သူတပါးအကျိုးစီးပွား ပျက်စီးစေလိုသော စိတ်ဖြင့် မုသာဝါဒကံကိုမူ လုံးဝ မလွန်ကျူးခဲ့ကြ။

မုသာဝါဒ အင်္ဂါ(၄)ပါး
(၁) မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊
(၂) မဟုတ်မမှန် ပြောဆိုလိုစိတ်ရှိခြင်း၊
(၃) ပြောလည်း ပြောခြင်း၊
(၄) လိမ်လည်သော စကားအဓိပ္ပာယ်ကို လိမ်လည်ခံရသူ သိရှိခြင်း။

အပြစ်ကြီးမူ၊ အပြစ်ငယ်မူ
လိမ်လည်ပြောဆိုရာ၌ သူတပါးအကျိုးစီးပွားပျက်အောင် လိမ်ညာပြောဆိုသော မုသားမျိုးသာ အပါယ်ရောက်ကြောင်း ဖြစ်သည်။ သူတပါး အကျိုးစီးပွားအနည်းငယ် ပျက်စီးလျှင် အပြစ်ငယ်၏။ များစွာ ပျက်စီးလျှင် အပြစ်ကြီး၏။
မုသာဝါဒရှောင်ကြဉ်ရကျိုး
ဤမုသာဝါဒပြောဆိုမူမှ ရှောင်ကြဉ်ပါက သုဂတိဘ၀သို့ ရောက်ရှိပြီးလျှင် အောက်ပါအကျိုးများကိုလည်း ခံစားရသည် -
(၁) စကားပီသ ပြတ်သားခြင်း၊
(၂) သွားများ ညီညာခြင်း၊
(၃) ခံတွင်း မွှေးကြိုင်ခြင်း၊
(၄) ကိုယ် ရေ အသား ပြည့်ဖြိုးခြင်း၊
(၅) မျက်စိ နား စသော ဣနြေ္ဒများ ကြည်လင်ခြင်း၊
(၆) ပုံသဏ္ဌာန် ကိုယ်ရေလှပခြင်း၊
(၇) သူတပါး အပေါ် သြဇာအာဏာရှိခြင်း၊
(၈) အပြောအဆို နူတ်စ အာစ ကောင်းခြင်း၊
(၉) စိတ်တည်ငြိမ်ခြင်း (အကြီးအကဲဖြစ်ရတတ်ခြင်း)။


(၅) သူရာမေရယ သိက္ခာပုဒ် သိမှတ်ဖွယ်
သေရည် သေရက် ဘိန်း ဘင်း ကစော် လှော်စာ ကုတ်ကင်း ဆေးခြောက် ဘိန်းဖြူစသော မူးယစ်စေတတ်သော မည်သည့်ပစ္စည်းတို့ကိုမဆို သောက်စား သုံးစွဲခြင်း မပြုရ။ ထိုအရာများကို သောက်စားသုံးစွဲခြင်းသည် ကုသိုလ်ကောင်းမူတို့၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သောကြောင့် ရှောင်ကြဉ်ရသည်။

သုရာမေရယ အင်္ဂါ(၄)ပါး
(၁) သုရာ စသည် တစ်ပါးပါး ဖြစ်ခြင်း၊
(၂) သောက်စားလိုသော စိတ်ရှိခြင်း၊
(၃) သောက်စားသုံးစွဲရန် အားထုတ် ပြုလုပ်ခြင်း၊
(၄) သောက်စားသုံးစွဲခြင်း။

အရက်သောက်ခြင်း အပြစ်(၆)ပါး
ဘုရားရှင်သည် သိင်္ဂါလ သတို့သားအား အရက်သေစာ သောက်စားခြင်းနှင့် ပတ်သက်၍ မျက်မှောက်ပစ္စက္ခ အပြစ်ခြောက်ပါးဖြစ်နိုင်ကြောင်း ဟောကြားတော်မူခဲ့ပါသည်။ ထိုအပြစ်ခြောက်ပါး တို့မှာ -
(၁) စီးပွားဥစ္စာ ကုန်ခန်း ပျက်စီးခြင်း၊
(၂) ခိုက်ရန် ပွားခြင်း၊
(၃) ရောဂါအမျိုးမျိုး ဖြစ်ပွားတတ်ခြင်း၊
(၄) ကျော်စောသတင်း ကင်းမဲ့ခြင်း၊
(၅) အရှက်အကြောက် ကင်းခြင်း၊
(၆) အသိပညာအားနည်းအောင် ပြုတတ်ခြင်းတို့ ဖြစ်ကြသည်။

သုရာမေရယ ရှောင်ကြဉ်ရကျိုး
ဤအရက်သေစာ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ပါက သုဂတိဘ၀သို့ ရောက်ရှိပြီးလျှင် အောက်ပါအကျိုးများကိုလည်း ခံစားရသည် -
(၁) အရေးအခွင့် သင့်မသင့်ကို သိခြင်း၊
(၂) လုံ့လ ၀ီရိယရှိခြင်း၊
(၃) သတိနှင့် ပြည့်စုံခြင်း၊
(၄) သူပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း၊
(၅) အရှက်အကြောက်ရှိခြင်း၊
(၆) ကုသိုလ်ကောင်းမူ ပြုလွယ်ခြင်း တို့ဖြစ်ကြသည်။









မေတ္တာအကျိုး ၁၁-မျိုး
မေတ္တာပို့တဲ့အတွက် ပို့တဲ့လူမှာ အောက်ပါ မေတ္တာအကျိုး ၁၁-မျိုးကို ရပါတယ်။

အိပ်နိုးချမ်းသာ၊ ယုတ်မာမမက်၊ နှစ်သက် လူနတ်၊ စောင့်မှတ် နတ်များ၊ ဆိပ်ကားမနှံ့၊ စိတ်ပြန့်ကြည်ကြည်၊ ရွှင်သည့်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ခါဟု၊ မေတ္တာနိသင်၊ ကျိုးဆက်တင်သည်၊ ရှင်လူအများ ကျင့်ရာသော် ---ဆိုတဲ့ ၀ိသုဒ္ဓိမဂ် နိသျှဆရာတော်ရဲ့ လင်္ကာအရ -

၁။ ချမ်းသာစွာ အိပ်ရသည်။

၂။ ချမ်းသာစွား နိုးရသည်။

၃။ အိမ်မက်ဆိုး မမက်ဘူး။

၎။ လူတွေ ချစ်တယ်။

၅။ နတ်တွေ ချစ်တယ်။

၆။ နတ်တွေက စောင့်ရှောက်တယ်။

၇။ မီးမလောင်၊ အဆိပ်မတက်၊ လက်နက်မထိဘူး။

၈။ စိတ်တည်ငြိမ်တယ်။

၉။ မျက်နှာကြည်လင် ရွှင်ပြုံးတယ်။

၁၀။ ကြည်ကြည်လင်လင် သေရတယ်။

၁၁။ သေရင် ဗြဟ္မာပြည် ရောက်နိုင်တယ်။

အဲဒီအကျိုး ၁၁-မျိုးကို ခံစားရပါတယ်။

ပြီးတော့ ဣတိဝုတ် ပါဠိတော် မေတ္တာဘာဝနာသုတ်မှာ ဒါန၊ သီလ စတဲ့ ပုညကိရိယာဝတ္ထု ၁၀-မျိုးကို ပြုလုပ်နေမှုဟာ မေတ္တာဈာန်ကို ပွားများမှုရဲ့ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုပင် မမီဘူး။ မေတ္တာဘာဝနာ အကျိုးကသာ လွှမ်းမိုးတောက်ပြောင် ထွန်းလင်းတင့်တယ်တယ်လို့ ဟောထားတယ်။

ပြီးတော့ မျက်စိတစ်မှိတ် လက်ဖျောက်တစ်တီး ကြားလောက် မေတ္တာဘာဝနာကို ပွားများပြီးတဲ့ ရဟန်းဟာ တိုင်းသူပြည်သား ဒကာ၊ ဒကာမတွေက အမြတ်တနိုး လှူဒါန်းတဲ့ ဆွမ်းကို စားသင့် စားထိုက်ပြီလို့ အင်္ဂုတ္ထိုရ်မှာ ဟောပါတယ်။

အခုကာလ မေတ္တာဘာဝနာ ပွားများပြီး အကြားအမြင်ပေါက်ကာ သတ္တ၀ါတွေကို ကူညီစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ အထင်အရှားရှိနေတာဟာလဲ မေတ္တာရဲ့ တန်ခိုးကို ဖော်ပြနေတာ ဖြစ်ပါတယ်။ နွားနို့တစ်ညှစ်၊ နံ့သာတရူပ်ရူသောကာလမျှ မေတ္တာဘာဝနာကို ပွားများတာက ဆွမ်းဟင်းကောင်း အိုးကြီးတစ်ချက် လှူရသည်ထက် အကျိုးများကြောင်း နိဒါနသံယုတ် သြပမ္မသုတ်မှာ ဟောထားတယ်။

အလွန်ထက်လှတဲ့ လှံသွားကို လူတွေမကိုင်ဝံ့သလို မေတ္တာဘာဝနာ ပွားထားသူကို ဘီလူး၊ သရဲတွေက မကပ်ရောက် မနှိပ်စက်နိုင်ကြောင်း နိဒါနသံယုတ်မှာ ဟောထားတယ်။

မေတ္တာအကျိုးနဲ့ ပတ်သက်ပြီး ဟောထားချက်တွေ ပိဋကမှာ အတော်များများ ရှိပါသေးတယ်။

မေတ္တသုတ်ပရိတ်တော် ၀တ္ထုဖြစ်စဉ်

သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်၌ ဂေါတမမြတ်စွာဘုရား သီတင်းသုံး စံနေတော်မှုစဉ် ငါးရာသောရဟန်း အစု တစ်စုသည် တစ်ခုသော ၀ါဝင်ခါနီးကာလ၌ မြတ်စွာဘုရားသခင်အား ဖူးမြော်ရှိခိုး၍ ကမ္မဋ္ဌာန်းနိဿယများ ယူကာတောအုပ် တစ်ခုတွင် ၀ါဆိုလျက် ကမ္မဌာန်းတရား အားထုတ်ကြလေသည်။

ရဟန်းတော်များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ်တွင်းရှိ သစ်ပင်ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မှုကြလေ၏။ ထိုအချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေ၀ံ့ကြသဖြင့် မြေပြင်တွင် ဆင်း၍ ဒုက္ခခံကာ နေထိုင်ကြရလေသည်။

အချို့ရုက္ခစိုးများမှာ ကလေးငယ်များရှိကြသဖြင့် ရဟန်းတော်များ တစ်နေ့ပြန်နိုး တစ်ရက်ပြန်နိုးဖြင့် စောင့်စား နေပါသော်လည်း ရုတ်တရက် မပြန်တော့သဖြင့် အချင်းချင်းညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ ကြောက်လန့်ထွက်ပြေး စေရေးအတွက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီးအဖြစ်ပြ၍ လည်းကောင်း၊ ထိတ်လန့်ဖွယ်ရာ အသံဆိုး အသံနက်ကြီးများဖြင့် လည်းကောင်း၊ ရွှံရှာဖွယ်ရာ အပုပ်နံ့ကြီးများဖြင့်လည်းကောင်း ခြောက်လှန့် ဖျက်ဆီးကြတော့သည်။

ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရသည်ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့်အဆုံး ခေါင်းဆောင်မထေရ်ကြီးအား အသိပေးလျက် မြတ်စွာဘုရားရှိရာ သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ကြလေသည်။

ဘုရားသခင်၏ ရှေ့မှောက်၌ ဖြစ်ပျက်ပုံအကြောင်းများကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရားက ရဟန်းငါးရာတို့ကို မေတ္တာကမ္မဌာန်း စီးဖြန်းကြစေရန် မေတ္တသုတ်တော်ကို ဟောဖော်သင်ကြား၍ ယင်းတောအုပ်သို့ပင် ပြန်လည် စေလွှတ်လိုက်လေသည်။

မေတ္တာ ကမ္မဌာန်း စီးဖြန်း၍ မေတ္တသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်သွားသော ရဟန်းတော်ငါးရာကို ရုက္ခစိုးနတ်တို့သည် မနာလိုစိတ်များ ပျောက်ကွယ်၍ လူအဖြစ် ဖန်ဆင်းလျက် ခရီးဦး ကြိုသူကြို၊ ခြေဆေးသူက ဆေး၊ သပိတ်ပွေ့သူက ပွေ့နှင့် လုပ်ကျွေးကြကာ ၀ါကျွတ်သည့်အခါတွင် ရဟန်းငါးရာတို့ မှာ ကောင်းစွာတရားထူးရသည်မှ စ၍ မေတ္တသုတ်တော် ဖြစ်ပေါ် ရွတ်ဖတ်ခဲ့ကြပါသတည်း။

အလျဉ်းသင့်၍ လူတို့၌ မထားသင့် မထားအပ်သော ဗုဒ္ဓ၏ အဆိုအမိန့် တစ်ရပ်ကို ထပ်မံတင်ပြလိုပါသည်။ “ပဋိဃနိမိတ္တဉ္စ၊ မနှစ်သက်အပ်သော အနိဋ္ဌာရုံသည်လည်းကောင်း။ အယောနိသော မနသိကာရော စ၊ မသင့်မတင့် နှလုံးသွင်းခြင်းသည်လည်းကောင်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ခေါ၊ စင်စစ်။ ဒေါသဿ၊ ဒေါသ၏။ ဥပ္ပါဒါယ၊ ဖြစ်ခြင်းငှာ။ ပစ္စယာ၊ အကြောင်းတို့ကား။ ဣမေ ဒွေ၊ ဤနှစ်ပါးတို့သာလျှင်တည်း။”
ဟုဆိုပါသည်။ ဒေါသ၏ မှုလရင်းမြစ်ကို ပယ်သတ်၍ မေတ္တာပွားနိုင်ရန် လိုအပ်လှပါကြောင်း ထပ်ဆောင်း တင်ပြအပ်ပါသတည်း။

၃ - မေတ္တာသုတ် (ပါဠိ)
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှီ စေ၀ါနုယုဉ္ဖန္တော၊ ရတ္တိန္ဒိဝ’ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိဂုဏူပေတံ၊ ပရိတ္တံ တံဘဏာမ ဟေ။

၃။ ကရဏီယမတ္ထကုသလေန၊
ယန္တ သနံ္တ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ။

၎။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ၊
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ’ နနုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒ’မာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။
သုခနော ၀ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္ထာ။

၆။ ယေ ကေစိ ပါနဘူတတ္ထိ၊
တသာ ၀ါ ထာဝရာ ၀’န၀သေသာ။
ဒီဃာ ၀ါယေ ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၇။ ဒီဋ္ဌာ ၀ါယေ၀ အဒဋ္ဌာ၊
ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ ၻေ၀သီ ၀၊
သဗၺသတၱာ ဘ၀ႏ ၳဳ သုခိတတၳာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစေ ၦယ်။

၉။ မာတာ ယထာ နိယံ ပုတၱ-
မာယုသာ ဧကပုတ္တမနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိပာဏံ။

၁၀။ မေတ္တဉ္စ သဗ္ဗလာကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အမဓာ စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ’မသပတံ္ထ။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာ’ဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိ ံ အဓိေ႒ယ်၊
ဗြဟ္မ’မေတံ ၀ိဟာရ’မိဓ မာဟု။

၁၂။ ဒီဌိဉ္စ အနုပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနေယျ ဂေဓံ၊
နဟိ ဇာတု’ဂၢဗ ၻေသယ် ပုန ရေတိ။

မေတ္တသုတ္တံ နဋ္ဌိတံ။

မေတ္တာသုတ် (မြန်မာပြန်)

၁။ မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။

၂။ ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။

၃။ လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည်ငြိမ်သက်အေး ချမ်းသော နိဗ္ဗာန်ကိုအာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ် သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။

၎။ ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏၊ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်း ကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရ။

၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတစ်ခုသော မကောင်းမှုကို အနည်း ငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန် သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။

၆။ အကြွင်းမရှိ အလုံးစုံ ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့် တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော၊ သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံသော သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။

၇။ မျက်စိဖြင့် မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။

၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီကံဖြင့် လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့် လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူ သာလျှင် ခပ်သိမ်းသော သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။

၁ဝ။ ကာမဘဝတည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘဝတည်း ဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက် လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်း မြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။

၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော် လည်းကောင်း၊ ထိုင် နေစဉ်သော် လည်းကောင်း၊ လဲလျောင်းနေစဉ်သော် လည်းကောင်း၊ မအိပ် မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍ နေထိုင်ခြင်းကို ''မြတ်သောနေထိုင်ခြင်း'' ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူ ကုန်၏။

၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည် ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေ နေခြင်း သို့ ဧကန်မရောက်တော့ပြီ။

မေတ္တသုတ်တော် မြန်မာပြန်ပြီး၏။

မေတ္တာသုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး
မေတ္တသုတ်တော်ကို အမြဲမပြတ် သရဇ္ဈာယ်လေ့ရှိသူတို့မှာ အပလောက ပယောဂ အခြောက်အလှန့် ခံရခြင်း၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး၊ နိမိတ်ဆိုး၊ အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူ၊ နတ် အများ ချစ်ခင်ကြခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှ စ၍ ဗြဟ္မာဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်